အခန်းအတွင်း အသက်ရှုသံ ပုံမှန်လေးထွက်ပေါ်နေလေသည်။မျက်ဝန်းလေးတွေက ပိတ်ကျနေလျက် နှုတ်ခမ်းအစုံက ဖြူလျော့သည့်ဘက်ရောက်နေလေရဲ့။ဆေးသွင်းထားသည်မို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် KyungSoo ကိုကြည့်ပြီး Jongin သက်ပြင်းချမိသည်။လွန်ခဲ့တဲ့ နာရီပိုင်းက လိပ်ပြာလွင့်တော့မတတ် Jongin ထိတ်လန့်ခဲ့ရသည်လေ။
" allergic ပါ စားခဲ့တဲ့ အစာမှာ မတည့်တဲ့ ပျော်ဝင်ပစ္စည်း တစ်ခုခုကြောင့် ဖြစ်သွားတာပါ "
အရေးပေါ်ကား ချက်ချင်းခေါ်ပြီး ဆေးရုံအပို့မြန်၍သာ ကံကောင်းသွားသည်ဆိုရမည်။ဒီလို allergic မျိုးက နောက်ကျသွားလျှင် အသက်ဆုံးရှုံးနိုင်သည်တဲ့လေ။
"ice cream စားရင်းဖြစ်တာဆိုတော့ fruit allergic ဖြစ်မယ် ဒါမျိုးက ရှားတယ် တစ်ရာမှာတစ်ယောက်ပဲ ဖြစ်လေ့ရှိတာမျိုးပါ အထူးသဖြင့် မိသားစုမှာ ဒီလိုသွေးမျိုးပါရင် ဖြစ်တတ်တယ် မျိုးရိုးလိုက်တာပါ "
အိပ်ပျော်နေသော KyungSoo ကိုကြည့်ပြီး တာဝန်ကျ doctor ပြောခဲ့သည့် စကားများက ခေါင်းထဲအလိုလိုဝင်လာသည်။ဖြစ်ခါစက စိုးရိမ်စိတ်တွေဖြင့် ပူပန်ကာ ဘာမှမတွေးမိသော်လည်း အခြေအနေအားလုံးတည်ငြိမ်တော့မှ ဟိုဟိုဒီဒီအတွေးတွေ စုပေါင်းကာ Jongin စိတ်တွေ ရှုပ်ထွေးနေလေရဲ့။
" fruit allergic ... "
" မျိုးရိုးလိုက်တာ... "
"ရှားပါးလွန်းတယ် တစ်ရာမှာတစ်ယောက်မျိုး ..."
နားထဲအခါခါကြားနေမိသည်က ထိုစကားတွေသာ။Jongin သိထားသောအရာတွေနှင့် လက်ရှိဖြစ်နေသော အရာတို့ဆန့်ကျင်နေလျက်။မှားယွင်းနေလျက်။အတွေးတွေက မှတ်မိနေသော စာတစ်ချို့ဆီပြန်ရောက်သွားသည်လေ။
" Yuri ya !! ငါအခု allergic ဖြစ်နေလို့ မျက်နှာကြီးယောင်နေတယ် facial foam နဲ့မတည့်လို့ သွားပါပြီကွာ မျက်နှာချောချောလေး ပစ်ရပါပြီ "
" သတိထားမှပေါ့ Jongin ရာ "
" နင်လဲသတိထားနော် allergic ကဆိုးတယ် "
" ငါက အဲ့လို allergic မျိုးမရှိဘူး Jongin ရ ... အဲ ... blueberry နဲ့တော့မတည့်ဘူး အဲ့ဒါတော့ စားလို့မရဘူး စားရင် ဒုက္ခဖြစ်ရောပဲ "