အပိုင်း ၁၄ (unicode)

511 60 0
                                    

အပိုင်း (၁၄)

"လှလိုက်တာနော် Yuri လေး "

KyungSoo ဘေးနားတွင်ထိုင်နေသော အမေ့ဆီမှ စကားသံကြောင့် စားပွဲရှည်ကြီး၏ ထပ်ဆုံးတွင် ယှဉ်ရပ်နေသည့် သတို့သား သတို့သမီးလောင်းတွေဆီ KyungSoo အကြည့်ရောက် မိသည်။ရင်ပြတ်ဂါဝန် အဖြူရောင်လေးနှင့် ဆံနွယ်တွေကို ကပိုကရိုပုံစံထုံးဖွဲ့ထားသော Yuri ပုံစံက မြင်တွေ့နေကြပုံစံဖြင့် ကွဲထွက်နေကာ အင်မတန် လှပပါသည်။တောက်ပသော အပြုံးလေးတွေကလဲ နှုတ်ခမ်းထက်မှာ နေရာယူထားလေရဲ့။ယခင်က ဂျင်းဘောင်းဘီတွေနှင့် ရှပ်အကျီ င်္အကွက်တွေသာ ခုံခုံမင်မင်ဝတ်တတ်သော Yuri ပုံစံနှင့်ခြားနားစွာ မိန်းမဆန်ဆန် လှပနေသည်ကိုတွေ့ရတော့လဲ စိတ်ထဲအေးချမ်းမိသည်။Yuri ကိုအကြည့်ရောက်သည်နှင့် Yuri ဘေးယှဉ်ရပ်နေသော Jongin ဆီပါ မျက်ဝန်းအကြည့်တွေအလိုလိုရောက်မိရသည်။

ဖြူဆွတ်နေသော အနောက်တိုင်းဝတ်စုံက Jongin ကိုပိုလို့ နုနယ်စေပေမယ့် အညိုရောင် ဆံပင်တွေကို အပေါ်သို့လှန်တင်ထားလေရာ မျက်နှာကို ရှင်းလင်းစွာမြင်နေရပြီး ကြည့်ကောင်းနေကာ ရင်ကျက်သည့်အသွင်ကိုလဲ ပေါ်လွင်စေသည်။နီထွေးသော နှုတ်ခမ်းတွေဆီမှ အပြုံးတွေကို မြင်ရလျှင် ရင်ထဲဆို့နင့်မှုနှင့်အတူ ကြည်နူးမှုကလဲ တစ်ပြိုင်ထဲဝင်ရောက်လာလေသည်။Jongin နံဘေးရှိနေသူက မိမိမဟုတ်ဘူးဟုခံစားမိလျှင် ရင်ထဲနာကျင်ရပြီး မိမိမှလွဲ၍ အရာအားလုံးအဆင်ပြေကာ ပျော်ရွှင်နေသည်ကို မြင်တွေ့ရတော့လဲ ကျေနပ်မိပြန်သည်။Jongin ရဲ့အပြုံးတွေ နာကျင်နေတာတွေ့တော့လဲ စိတ်ထဲတင်းကျပ်ကာ ထိုနေရာမှ ဆွဲခေါ်ပြေးချင်စိတ်တွေဖြစ်လာရပြီး ရယ်ပြုံးနေသော Yuri ကိုတွေ့ရတော့ ထိုစိတ်တွေးမိသည့် ကိုယ့်စိတ်ကို အပြစ်တင်မိရသည်။နောက်ဆုံးတော့ အတွေးပေါင်းများစွာဖြင့် Jongin နှင့် Yuri တို့၏ စေ့စပ်ပွဲပြီးဆုံးသွားလေရဲ့။မိသားစုနှင့် ခင်မင်ရင်းနှီးလွန်းသော သူတွေသာ ဖိတ်ပြီးအကျဉ်းရုံးလုပ်သော ပွဲမို့ ပင်ပန်းသည်မရှိဘဲ အဆင်ပြေစွာပြီးစီးသွားခဲ့လေသည်။

"KyungSoo oppa  ဓာတ်ပုံ တူတူတွဲရိုက်ကြမယ်လေ "

လက်မောင်းကို လာချိတ်သည့်လက်တစ်စုံနှင့်အတူ စကားပြောသံကြောင့် လှည့်ကြည့်မိတော့ SuLyaw ရဲ့အပြုံးလေးတွေတွေ့လိုက်ရသည်။ဆံနွယ်ရှည်လေးတွေကို ခွေလိပ်ထားကာ ဂါဝန်ပန်းရောင်လေးဖြင့် ဒီနေ့မှာ SuLyaw လဲအစွမ်းကုန်လှနေပါသည်။သူမကို လက်ခံပြီးသည့်နောက်ပိုင်း KyungSoo အပေါ်အရင်ကထက်ပို၍ ရင်းနှီးစွာ ပြောဆိုဆက်ဆံလာသည်ကို တွေ့ရလေသည်။SuLyaw ပုံစံက KyungSoo အပေါ်မိဘသဘောတူသူဟူသော အနေအထားထက် အစ်ကိုတစ်ယောက်အားဆိုးနွဲ့ချင်သော ပုံစံမို့ KyungSoo လဲ SuLyaw ကိုခင်မင်မိရသည်။Jongin ညီမမို့ ပိုခင်မင်သည်လဲ ဖြစ်နိုင်လေရဲ့။သူတို့နှစ်ယောက် ခင်မင်မှုက တကယ့်ကိုဖြူစင်သန့်ရှင်းသော ခင်မင်မှုတွေသာ။

FRIENDWhere stories live. Discover now