အပိုင်း(၉)
" ရူးနေပြီ DoKyungSoo မင်းရူးနေပြီ "
KyungSoo ဖွင့်ဟဝန်ခံပြီးနောက်ပိုင်း Jongin ဒီစကားတွေကိုသာ တွင်တွင်ရွတ်နေမိသည်။
"ငါ့ကို ဘာလို့လှည့်စားတာလဲ ငါ့ကို ဘာလို့အရုပ်တရုပ်လို ကစားရတာလဲ ငါကို ဘာလို့ လိမ်ညာရတာလဲ ငါ့ကိုဘာလို့ဟန်ဆောင်ရတာလဲ ဘာလို့လဲ ဘာလို့လဲ ... "
ဖြေရှင်းချက်မပေးဘဲ မျက်ရည်တွေသာကျနေသော KyungSoo ကို အားမလိုအားမရစွာမေးမိသည့်စကား။Jongin ရယ် ဆိုတာကလွဲလို့ KyungSoo နှုတ်ဖျားက မည်သည့် စကားမှ ထွက်မလာခဲ့။နောက်ဆုံးတော့ Jongin ကသာ အရူးတစ်ယောက်လို ပေါက်ကွဲမိပြီး KyungSoo ကိုတစ်ယောက်ထဲ ထားခဲ့ကာ ကားမောင်းပြီး မြစ်ကမ်းဘေး လာထိုင်နေမိသည်။တစ်ယောက်ထဲ ကျန်ခဲ့မည့် KyungSoo မည်သည့်ပုံစံဖြင့် ကျန်ခဲ့လဲ မတွေးတောနိုင်။လောလောဆည် တစ်ယောက်ထဲရှိနေခြင်းက အရာအားလုံးအတွက် အဆင်ပြေဆုံးနည်လမ်းတစ်ခုပင်။
ကိုယ့်ကိုကိုယ် သတ်မှတ်မိသည်က ငတုံးတစ်ယောက် အရူးတစ်ယောက်ဟူ၍ပင်။ထူးဆန်းသည် ခံစားရသည်မှာလဲ အကြိမ်ကြိမ် လွဲချော်နေသည်ဟု တွေးမိသည်မှာလဲ အခါခါ။နှလုံးသားကိုယ်တိုင်ကိုက သိနေမိသည်ထင်၏။Yuri ကို ခံစားချက်တစ်မျိုး KyungSoo အပေါ်လဲ ခံစားချက်တွေ ရှုပ်ထွေးနေခဲ့သည်လေ။Jongin မတွေးထားမိသည်မှာ ဒီလိုမျိုး KyungSoo မလုပ်လောက်ဘူးဟူသောအတွေးပင်။ထိုအတွေးကြောင့် ဖြူစင်လွန်းသည့် မျက်ဝန်းတွေကို ယုံကြည်ခဲ့မိသည်။
အခုတော့ နှစ်ယောက်ပေါင်းပြီး Jongin ကိုလှည့်စားကြသည်။နှလုံးသား ခံစားချက်တွေကို ကစားခဲ့ကြသည်။အရုပ်တရုပ်လို လိုရာစေခိုင်းခဲ့ကြသည်လေ။
" အားးးးး "
စိတ်ထွက်ပေါက်ရအောင် အော်ဟစ်မိတော့ ရင်ထဲအနည်းငယ်ပေါ့ပါးသွားသလိုပင်။မြစ်ကိုဖြတ်ပြီး တိုက်လာသည့်လေက လတ်ဆတ်ပေမယ့် အေးချမ်းမှုကို မဖြစ်စေပါ။နှလုံးသားတွေ ပူလောင်လွန်းနေသည်လေ။
တစ်ညလုံး နွမ်းလျနေသော ခန္ဓာကိုယ်ဖြင့် အပြင်မှာနေခဲ့ပြီး မိုးလင်းခါနီးမှ Jongin အိမ်သို့ပြန်လာခဲ့သည်။တံခါးဖွင့်ကာ ဝင်လိုက်သည်နှင့် ဝိုင်းစက်စက် မျက်ဝန်းတွေနှင့် အကြည့်ချင်းဆုံသည်။တညလုံး အိပ်ခဲ့ဟန်မတူသော KyungSoo မျက်နှာက အနည်းငယ်ချောင်ကျနေသည်လေ။နေမကောင်းသေးဘဲနဲ့ သူ့ကိုတစ်ညလုံးစောင့်နေခဲ့သည်လား။စိတ်တိုမှုများကြားမှ စိုးရိမ်စိတ်က ဝင်လာလေရာ Jongin ကိုယ့်ကိုကိုယ် ကျိန်ဆဲမိသည်။အသိတရားရတော့ Kim Jongin ။