အပိုင်း (၁၅)
ကားကိုခြံဝန်းအတွင်းရှိ ကားဂိုထောင်တွင် ထိုးရပ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ကားဂိုထောင်၏ ဘေးဘက်တွင် အိမ်ခြံဝန်းနှင့် အိမ်မကြီးကို ဆက်ထားသော လှေကားမြင့်မြင့်တွေရှိသည်မို့ ဖြည်းဖြည်းချင်းတက်လာနေခဲ့မိသည်။ကုန်းမြင့်တွင်ဆောက်ထားသော KyungSoo တို့ အိမ်ပုံစံကို Jongin အင်မတန်သဘောကျမိပါသည်။လှေကားတောက်လျှောက် စိုက်ပျိုးထားသော ပန်းအိုးလှလှတွေကလဲ အစီအရီ။ခြံဝန်းတစ်ခုလုံး နေရာလပ်မရှိ စိမ်းစိုသောမြက်ခင်းပြင်နှင့် ရောင်စုံပန်းများက ပန်းစိုက်ဝါသနာပါသော KyungSoo လက်ရာများပင်။ကျောင်းအားသော ရက်များတွင် စာဖတ်ရင်ဖတ် မဟုတ်ရင် ခြံထဲဆင်းကာ ပန်းတွေပျိုးထောင်နေသော KyungSoo ပုံစံက အင်မတန်အေးချမ်းလှသည်လေ။KyungSoo အကြောင်းတွေးရင် ပြုံးမိသွားရသည်ကလဲ အကျင့်တစ်ခုလိုပင်။ကြည်နူးမှုနှင့်အတူ နာကျင်မှုကိုပါ သတိရအောင်လဲ KyungSoo ပြုစားနိုင်စွမ်းရှိသည်လေ။
တွေးရင်း ပြုံးရင်းနှင့်ပင် အိမ်တံခါးဝရှိရာ ရောက်လာ၍ တံခါးကိုတွန်းဖွင့်ကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။တစ်အိမ်လုံးတိတ်ဆိတ်နေလေသည်။Jongin ပထမဦးဆုံးရောက်နေသည်ထင်ပါရဲ့။KyungSoo အမေ၏ မွေးနေ့ပွဲအဖြစ် ဒီနေ့ညစာကို KyungSoo တို့အိမ်မှာစားရန် ဖိတ်ထား၍ အလုပ်ဆင်းသည်နှင့် Jongin အိမ်မပြန်ဘဲ KyungSoo တို့အိမ် တန်းလာခဲ့လိုက်မိသည်။Jongin မိဘတွေကတော့ အိမ်ကနေလာမည် ပြောထားပြီး ရောက်လာသေးပုံမပေါ်။Yuri ကတော့ Jongin ကိုဖုန်းကြိုဆက်ထားလေရဲ့။နဲနဲနောက်ကျမည်တဲ့လေ။
ဧည့်ခန်းအတွင်း ဆိုဖာခုံတွင် ဝင်ထိုင်ရင်း Jongin မိဘတွေဆီဖုန်းခေါ်မည်အလုပ် ဧည့်ခန်းအတွင်း ဝင်လာသော အရိပ်တစ်ရိပ်ကြောင့် ထိုအရိပ်ဆီအကြည့်ရောက်မိသွားရသည်။
အကျီ င်္ အပြာရောင်ပွပွက ခန္ဓာကို သေးသေးကို ပို၍သေးစေနေသလို လက်တိုက တံတောင်ဆစ်နားအထိ ရောက်နေလေရဲ့။အပေါ်မှ အညိုရောင် apron နှင့် မျက်မှန် အဝိုင်းကလဲ တပ်ထားသေးရဲ့။ဆံပင်တွေကတော့ နဂိုထက်ပိုတိုနေသလို ထပ်များညှပ်ထားလေသလား။ကြည့်ရသည်မှာ ပင်ဂွင်းပေါက်စလေး မီးဖိုချောင်ဝင်နေသည်နှင်ပင် တူနေသေးသည်။
![](https://img.wattpad.com/cover/65392665-288-k506197.jpg)