အပိုင်း ၁၃

7.2K 728 120
                                    

ဖိုင်တွဲတွေ စားပွဲပေါ်ပုံနေသည်ကိုကြည့်ပြီး Jongin သက်ပြင်းချမိသည်။အရာရာအားလုံး အစကနေ စလုပ်ရသော ကိုယ်ပိုင်စီးပွားရေးမို့ ရေသာခို၍မရ။အတွေ့အကြုံကိုတော့ London ရှိကုမ္ပဏီတွင် အလုပ်ဆင်းရင်းသင်ယူထားသည်မို့ အခက်အခဲမရှိပေမယ့် Jongin အတွက် တာဝန်ယူရသည့်အပိုင်း ပိုများကာ ပိုပြီးတာဝန်ကြီးလာလေရဲ့။အခုလဲ Sunday ဖြစ်သည့်တိုင် အိမ်တွင်နားမနေနိုင်ဘဲ စာရင်းတွေပြန်စစ်နေမိသည်လေ။အလုပ်တွေရှုပ်နေမိသည်မှာ နေ့လည်စာ စားချိန်ရောက်နေသည်ကိုပင် သတိမထားမိ။ဖုန်းသံမြည်လာ၍ ကြည့်မိတော့ Yuri ။အလုပ်တွေခနရပ်ကာ ဖုန်းဖွင့်၍ စကားပြောတော့ Yuri အသံစာစာလေးကြားလိုက်ရလေရဲ့။

"Jongin အလုပ်တွေမပြီးသေးဘူးလား နေ့လည်စာ စားချိန်ရောက်ပြီလေ "

"inn Yuri ပြီးတော့မှာ ဘာလဲငါ့ကိုစောင့်နေတာလား မစောင့်နဲ့လေ စားနှင့် "

"ဟုတ်ဘူး ပျင်းလို့ ပိတ်ရက်လေး နင်မရှိတော့ စကားပြောဖော်မရှိဘူးလေဟာ ငါပျင်းနေလို့ "

ခပ်လေးလေး စကားပြောသံအရ Yuri တကယ်ပဲပျင်းနေသည်ကို ခန့်မှန်းမိပါသည်။စေ့စပ်ပွဲအတွက်လဲ အားလုံးပြင်ဆင်ပြီးကာ နောက်နှစ်ရက်နေရင် Yuri နှင့် စေ့စပ်ပွဲခန်းမအတွင်း လက်ချိတ်ဝင်ရတော့မည်ဟုတွေးမိလျှင် ရင်ထဲနာကျင်မှုနှင့်အတူ ဒေါသဖြစ်မှု လွမ်းဆွတ်မှု တွေရောထွေးနေလေရဲ့။

"ပျင်းရင် KyungSoo နဲ့စကားသွားပြောနေလေ ငါဒီမှာ နဲနဲကျန်သေးတယ် အလုပ်တွေ "

"KyungSoo မရှိလို့ပေါ့ ရှိရင် သူ့သွား အပူကပ်နေမှာ သူ့ကောင်မလေးနဲ့အပြင်ထွက်သွားတယ် "

Yuri စကားသံအဆုံး ရင်ထဲနင့်ခနဲဖြစ်သွားရလေရဲ့။သူ့ကောင်မလေးနဲ့ဆိုပါလား။ဟိုတစ်နေ့ ကိတ်ဆိုင်တွင်ရင်းနှီးလာခဲ့သည်ဆိုပြီး KyungSoo နှင့်အတူ ပါလာသော Su Lyaw ကိုတွေ့သည့်အခါ Jongin အံ့သြောသွားခဲ့ပေမယ့် နောက်မှသိရသည်မှာ အရင်ကထဲက KyungSoo နှင့် Su Lyaw ကိုလူကြီးချင်းသဘောတူထားကြသည်တဲ့လေ။ထိုကိစ္စတွေကို Jongin လုံးဝမသိခဲ့။မိဘတွေကလဲ တစ်ခွန်းမှ မပြောခဲ့သလို KyungSoo ကလဲတစ်လုံးမှမဟ။London တွင်ရှိတုန်းက Su Lyaw ပြောပြဖူး၍ သူနှင့်မိဘတွေသဘောတူထားသူအကြောင်းတစ်စွန်းတစ ကြားမိခဲ့ပေမယ့် KyungSoo ဟု လုံးဝမထင်ခဲ့မိပေ။သိသိချင်း အံ့သြောမှုနှင့်အတူ မပြောခဲ့ရကောင်းလားဟု KyungSoo အားဒေါသထွက်မိလေသည်။နောက်ဆုံးတော့ မိမိနှင့် အမျိုးတော်စပ်ကာ ပြန်လှည့်ရန် လုံးဝမရတော့သည့်လမ်းကို KyungSoo ရွေးချယ်နေခဲ့ပြီလေ။လူယုံသတ်ခဲ့သည်ထက်ပိုဆိုးကာ ချစ်သူကသစ္စာဖောက်သည့်ခံစားချက်မျိုး ခံစားနေရသည်လေ။

FRIENDWhere stories live. Discover now