အပိုင်း ၁၆ (unicode)

573 62 0
                                    

အပိုင်း (၁၆)

ရေခဲသေတ္တာဖွင့်ကာ ရေဘူးထဲမှ ရေကို တရှိန်ထိုးမော့သောက်လိုက်သည်။အေးစက်နေသောရေက Jongin ရင်အတွင်းမှပူလောင်နေမှုကို ပြေလျော့မပေးနိုင်။ပူနေသော စိတ်တွေကိုငြိမ်းချမ်းမှုမပေးနိုင်။ရေဘူးတစ်ဘူးလုံးရှိ ရေတွေသာ ကုန်စင်သွားခဲ့သည်။မရပ်မနားသောက်မိ၍ ဖိတ်လျှံကျလာသော ရေတွေက ရင်ဘတ်တဝိုက်စိုရွှဲနေလျက်။ရေဘူးကို ကိုင်လျက်သားဖြင့် ကြမ်းပြင်ပေါ်ထိုင်ချမိရသည်။ပင်ပန်းလွန်း၍ ခြေထောက်အစုံတို့လဲ အားလျော့နေရပြီ။အိပ်ကပ်ထဲရှိဖုန်းကို ထုတ်ကာ ခေါ်ဆိုမှု ဘယ်နှစ်ကြိမ်ရှိပြီမှန်း မရေတွက်နိုင်တော့သော ဖုန်းနံပါတ်ကို ထပ်နှိပ်မိတော့ ဖုန်းပိတ်ထား၍ ခေါ်ဆိုမရနိုင်ပါဟုသာ ကြားနေရ၍ စိတ်တွေလဲညစ်လှပြီ။

"ကျေးဇူးပြုပြီး ဖုန်းကိုင်ပေးပါ KyungSoo ရယ်"

ရင်ထဲဆို့နင့်လာမှုနှင့်အတူ မျက်ရည်တွေကပါ အလိုလို ကျဆင်းလာရသည်။စိတ်ထဲလဲ ပူပန်နေမှု စိုးရိမ်စိတ်တွေက ပြည့်နှက်နေလျက်။

"ဘာမှမဖြစ်ဘူးဆိုတာလေးပဲ သိရအောင် အသံလေးပဲဖြစ်ဖြစ် ကြားရအောင် ဖုန်းကိုင်ပေးပါကွာ "

သက်မဲ့ဖုန်းကိုသာ စိုက်ကြည့်ရင်း ခံစားရသည်များကို ရင်ဖွင့်နေမိရသည့်အဖြစ်။

"ဘာလို့အမှောင်ထဲမှာ ထိုင်နေတာလဲ မီးလဲမဖွင့်ဘူး "

လမ်းလျှောက်လာသည့်ခြေသံနှင့်အတူ စကားသံကပါ တစ်ဆက်ထဲပါလာလျက် မီးကိုပါဖွင့်လိုက်၍ မီးဖိုချောင်တစ်ခုလုံး လင်းထိန်သွားလေသည်။ကျိန်းစပ်သွားသည့် မျက်ဝန်းတွေကို အသာဖွင့်ကာ ကြည့်မိတော့ ထမင်းစားပွဲတွင်ထိုင်နေသည့် SuLyaw ကိုတွေ့လိုက်ရသည်နှင့် ထိုင်နေရာမှ အလောတကြီးထကာ သိချင်သည်ကို မေးမြန်းမိရသည်။

"ရှာတွေ့လား ဖုန်းရော အဆက်အသွယ်ရလား "

အားတတ်သရော မေးနေပေမယ့် အားမရှိသလို နွမ်းလျနေသည့် SuLyaw မျက်နှာက မျှော်လင့်ချက်တွေ ကုန်ဆုံးစေလေသည်။

"Yuri သွားတတ်တဲ့နေရာတွေ လိုက်ရှာတာပဲ နေရာလဲ နှံ့နေပြီ မထူးခြားဘူး ဖုန်းလဲ ခုထိမဆက်ဘူး KyungSoo ရော အဲ့တိုင်းပဲလား "

FRIENDWhere stories live. Discover now