အပိုင်း ၂ ( unicode)

604 74 0
                                    

အပိုင်း(၂)

"" ငါ့ကို ကူညီပါ Yuri ရယ် နင်ကူညီမှ ရမှာ "

"ya !!!! Do KyungSoo နင်ရှုပ်ထားတာကို ငါကဘာလို့ရှင်းရမှာလဲ နင်လုပ်တုန်းက လုပ်ထားပြီးတော့ "

coffee ဆိုင်တွင် အငြင်းပွားနေသည့် သူငယ်ချင်းနှစ်ဦးစကားသံကြောင့် ဆိုင်အတွင်းလူများက သူတို့နှစ်ဦးကို ကြည့်နေသည်ကို သတိပြုမိတော့ KyungSoo တိုးတိုးပြောရန် Yuri ကိုမျက်ရိပ်ပြလိုက်ရသည်။KyungSoo သူငယ်ချင်းမလေး Yuri ချောမောလာရုံတင်မက လေသံပါ အရင်ကထက်ပိုကျယ်လာသလိုပင်။ဒါတောင် သူမ အက ဘာသာရပ်ယူထားလို့ အဆို ဘက်ဆိုရင် KyungSoo နားတွေကွဲထွက်သွားမည်ထင်သည်။အရင်ကလဲ စွာတေးလန် ကလေးမလေး ။အခုတော့ ချောမောပြီး sexy ကျတဲ့ ခပ်မိုက်မိုက်ကောင်မလေး။ဒီသူငယ်ချင်းမလေး အကူအညီ KyungSoo တကယ်လိုအပ်ပါသည်။Jongin ပြန်လာတော့မည်လေ။Yuri နာမည်အလွဲသုံးစားလုပ်ပြီး Jongin နှင့် ၁၅ နှစ်လုံးလုံး စကားပြောလာခဲ့သည်။အကြောင်းစုံအကုန် Jongin သိလျှင် စိတ်ဆိုးသွားမည်လော။စိတ်မကောင်းဖြစ်သွားမည်လော။တခြားထက် KyungSoo အားတစ်မျိုးတမည်ထင်သွားမည်လော။တွေးပူမိကာ စိတ်ထဲ နေလို့မရ။နောက်ဆုံးတွေးမိသည်က Yuri အားအမှန်အတိုင်းဖွင့်ပြောကာ ဟန်ဆောင်ပေးဖို့ပင်။Jongin လဲအဆင်ပြေ Yuri လဲ အဆင်ပြေဖို့သူမျှော်လင့်ပါသည်။ ၁၅ နှစ်လုံးလုံး Jongin အချစ်တွေ Yuri ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။စာအရေးအသားကြည့်ရုံနှင့်ပင် Jongin တစ်ယောက် Yuri ကိုဘယ်လောက်တန်ဖိုးထားသလဲ သိသာသည်လေ။အကယ်၍ KyungSoo ကျေးဇူးနှင့်သူတို့နှစ်ယောက်အဆင်ပြေသွားလျှင် KyungSoo လဲဝမ်းသာရမည်။လောလောဆည် Yuri အားရှင်းပြနိုင်လျှင် ရပြီ။ခက်တာက Yuri က လက်မခံသေးပေ။သူမလက်ခံလာအောင် KyungSoo အာပေါက်အောင်ပြောရမည်။

" Yuri ya !!! ကူညီပါဆို ရက် ၂၀ ထဲပါ Jongin က ခွင့်နဲ့လာတာ သူလာတဲ့အချိန်ပဲလေဟာ နင်ရေလိုက်ငါးလိုက်နေရုံပါပဲ သူက ငါ့စာတွေကို နင်ပို့တယ်ပဲထင်နေတာ"

"ရှုပ်လိုက်တာဟာ နင်ကလဲ တော်တော်မွှေတယ် ငါ့မှာတစ်ခါမှစကားမပြောဖူးတဲ့သူနဲ့ မမြင်ဖူးတဲ့သူနဲ့ရင်းရင်းနှီးနှီးနေဖို့ဆိုတာ ငါ သူ့ကိုမေ့တောင်မေ့နေပြီ "

FRIENDWhere stories live. Discover now