Second Piece

4.6K 453 12
                                    

အရင်အတိုင်းပါပဲလား။ ကွဲကြေနေတဲ့အပိုင်းအစတွေကြားက ခုန်နေဆဲရင်ခုန်သံတွေ, သူ့ကိုမြင်လိုက်တိုင်း နာကျင်မှုနဲ့အတူ ပါလာတဲ့ နောင်တရယ် အတ္တရယ်, မဖြစ်နိုင်ပဲသိလျက်နဲ့ ဆက်ချစ်နေမိခဲ့တဲ့ ခေါင်းမာမှုရယ်။ အရာအားလုံးဘာမှမပြောင်းလဲသွားပါလား။

သူ့ဆီကိုမရောက်ခဲ့တဲ့ငါ့ရဲ့ရင်ခုန်သံတွေက အဆိပ်အဖြစ်နဲ့ဒီနှလုံးသားကို ဖျက်ဆီးခဲ့ပြီးသွားခဲ့ပေမယ့်...

သူလည်းအရင်အတိုင်းပဲ။ ခန့်ညားလျက်ပဲ။ အညိုရောင်သန်းနေတဲ့ဆံနွယ်ရှည်တွေ။ တိကျလှပတဲ့နှုတ်ခမ်းတွေ။ စူးရဲတဲ့အကြည့်တွေ။ ကျွန်တော့်အမြဲတမ်းခိုလှုံချင်ခဲ့တဲ့ ရင်ခွင်ကျယ်ကြီးနဲ့ ဆွဲဆောင်မှုရှိနေတဲ့သူက ဘာမှမပြောင်းလဲခဲ့ပေ။ ဘဝကသူ့အတွက်ကောင်းကောင်းဖြောင့်ဖြုးသာယာခဲ့တယ်ထင်ရပေါ့။

"အဆင်ပြေတယ်မလား Luhan"

ဘယ်ဟာကိုမေးတာလဲ Hyung? ငါ့ခန္ဓာကိုယ်ကတော့ မြင်တဲ့အတိုင်းခင်ဗျားကိုမကျေနပ်ရင် အခုတင် ဆွဲထိုးပစ်လိုက်ဖို့ ဒေါင်ဒေါင်မြည်ပဲ။ ဒါပေမယ့် ဒီရင်ထဲ.......

ဘာမှမကျန်တော့ဘူး ခင်ဗျားအကုန်ယူသွားတာ

"ဒီလိုပါပဲ စာရေးလိုက် စာတမ်းပြုစုလိုက်နဲ့"

(ခင်ဗျားကိုလည်း မေ့အောင်ကြိုးစားရင်းနဲ့)

"ဟုတ်လား... တော်သေးတာပေါ့.... မင်းမျက်နှာလေးချောင်ကျသွားလို့ ငါစိုးရိမ်မိတာ"

သူ့လက်ကလေးက ကျွန်တော့်ဆံပင်တွေကို ဖွလိုက်ပြီး ပြောလိုက်တဲ့စကား....

(မထိနဲ့.......

မပြောနဲ့.........

အဲ့လိုကြင်နာလွန်းတဲ့စကားတွေ......

ငါလက်လွှတ်ရတာ ပိုခက်သထက်ခက်လာတယ်)

ခင်ဗျားရဲ့ အေးစက်လွန်းတဲ့လက်တွေလည်း အရင်အတိုင်းပဲ။ အေးစက်လွန်းသလောက် ခင်ဗျားရဲ့ အပြုအမူတွေဟာ ကြင်နာလွန်းတယ်။ ခင်ဗျားရဲ့ စကားတွေဟာလည်း မေတ္တာတွေနဲ့ပြည့်လွန်းနေတယ်။ လူတစ်ဖက်သားကိုလည်း တအားစာနာတတ်တယ်။ အဲ့ဒါတွေကြောင့် ငါ့နှလုံးသားက တစ်ကြော့ပြန်နာကျင်ရပြန်တယ်။ ကျွန်တော်သင်ခန်းစာကောင်းကောင်းရခဲ့ပါရဲ့။ အဲ့ဒါက

Piece by PieceWhere stories live. Discover now