ကိုရီးယား နိုင်ငံရဲ့ ကျဉ်းမြောင်းလှသော ကောင်းကင်ယံအထက်မှာ နက္ခတ်တွေ တာရာတွေ ကြယ်တံခွန်တွေဆိုတာ မြင်ရဖို့အလွန်ခက်ခဲလွန်းလှတယ်။ ဟိုတစ်ပြောက် ဒီတစ်ပြောက်နဲ့ မိန်ပြပြလင်းနေတဲ့ ကြယ်ရောင်တစ်ချို့အောက်က ကျွန်တော်ဟာလည်း ထိုအလင်းမိန်မိန်ပြပြလေးကို မှီခိုအားထားပြီး မျှော်လင့်ချက်မဲ့နေတဲ့နှလုံးသားကို အနားပေးနေလိုက်တယ်။ အောက်တိုဘာလရဲ့ ညချမ်းအချိန်အခါဟာ အေးစက်ချမ်းစိမ့်နေသော်လည်း ဆိုဂျုလေးတစ်ခွက်နဲ့တော့ ထိုအေးစက်မှုကို ကျွန်တော်အံတုနိုင်ပါတယ်။ ရေခဲငွေ့အလား လေပြေတွေကို ရှုရှိုက်ပြီး Min ရဲ့ ကွန်ဒိုခေါင်မိုးအထပ်မှာ ကျွန်တော်တို့နှစ်ယောက်
အချိန်အတူကုန်ဆုံးနေဖြစ်တယ်။"မင်းသောက်နိုင်သေးတယ်နော်....."
ဘယ်တော့မဆို တစ်ခွက်နဲ့တစ်ဘူးတည်းနဲ့ ပွဲမှောက်တတ်တဲ့ Min ကျွန်တော်တစ်ခွက်ပြီးတစ်ခွက် မော့ချနေတာကိုကြည့်ရင်း အားကျနေသောအကြည့်တွေနဲ့။ အားကျတယ်ဆိုပါလား။ ဟုတ်တော့လည်း ဟုတ်တာပဲလေ။ ငါ့မှာ သူများအားကျစရာဆိုလို့ ဒါပဲရှိတာ။ မွေးကတည်းက မိဘမဲ့မို့ တစ်ယောက်တည်းအထီးကျန်ရတဲ့ဝေဒနာ ရုန်းကန်ရတဲ့ဝေဒနာ ဝေဒနာပေါင်းစုံကို သောက်ရင်းဖြေဖျောက်ခဲ့တာဆိုတော့ ဒီလောက်ကတော့အပျော့ပေါ့။
"အင်း.... တစ်ညလုံးထိုင်သောက်နိုင်တယ် ဟေ့ရောင်...."
ပြောရင်းဆိုရင်း သူ့ကိုစိုက်ကြည့်ပြီး နောက်တစ်ခွက်မော့ချပစ်လိုက်တယ်။ ခါးပြီးဦးနှောက်ထဲအထိ စူးဝင်သွားတဲ့ အရသာနဲ့အတူ ကျွန်တော့်ရင်ထဲက မီးတောက်ရဲ့အပူကိုအံ့တုနေသော ဆိုဂျူရဲ့အရသာ။ ဘာနဲ့မှမလဲနိုင်ဘူး။ သူ့ကိုတစ်ခေါက်ပြန်ကြည့်လိုက်တော့ သူ့ရဲ့အကြည့်တွေ ပြောင်းလဲသွားတယ်။ ကျွန်တော့်ကို ဂရုဏာသက်နေတဲ့ ရုပ်ဖြစ်နေတယ်။ သနားစရာတော်တော်ကောင်းနေလားဟင် ကျွန်တော့်အဖြစ်က။
"ဘာအကြည့်လဲ အဲ့ဒါက....?"
"ငါတကယ် မင်းအတွက်ရင်လေးမိတာပါ .... မနက်ဖြန်သတင်းစာရှင်းလင်းပွဲ မင်းဒီလိုအထိန်းအကွပ်မဲ့နေလို့မဖြစ်ဘူးနော်...."
CITEȘTI
Piece by Piece
Fanfiction"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"