ပူပူနွေးနွေး အနက်ရောင် အရောင်အသွေးအပြည့်အဝဖြင့် ကော်ဖီတစ်ခွက် ကျွန်တော့်စားပွဲပေါ်တွင်နေရာယူထားသော်လည်း ကျွန်တော့်ခမျာ သကြားထည့်ရကောင်းမလား plain ပဲသောက်ရင်ကောင်းမလား creamလေးပဲဖောက်ထည့်လိုက်ရမလားတွေးနေတာ 10မိနစ်လောက်ရှိပြီ။ မနက်8နာရီ ပုံမှန်ဒီအချိန်ဆို ကျွန်တော် Sehun ကောင်းကောင်း လန်းဆန်းလေ့ရှိသော်လည်း မနေ့ညက ထိုချစ်စရာစာရေးစရာလေးရဲ့ ဝတ္ထုကြောင့် ကျွန်တော့်မှာအိပ်၍မပျော်ခဲ့ပေါ့။ ဝေခွဲမရဖြစ်နေတဲ့စိတ် ဒီခန္ဓာကိုယ်ကို ကြီးစိုးနေတယ်ထင်တာ သေချာသလောက်။ သူ့အပေါ် ဖြစ်ခဲ့တဲ့ ခံစားချက်ကိုလည်း ဝေခွဲ၍မရသေး။ အခုလည်း.... Plainလား... Creamလား.... သကြားပဲထည့်ရမလား.....
ကျွန်တော် အကဲပိုနေတာများလား။ ဒါဆိုလည်းဒါပေါ့ ဆိုပြီး ဆုံးဖြတ်တတ်တဲ့စိတ်ဘယ်များပျောက်သွားတာပါလိမ့်။ ဖြစ်လာမယ့်ရလဒ်က ဘာလဲတအားသိချင်တယ်။ သိချင်စိတ်ပြင်းဖန်နေလွန်းလို့လည်း ဘာမှမလုပ်ရဲတာ။ သောက်ကျိုးနည်း ငါကလည်းတစ်ဘဝလုံးရိုးလာခဲ့သမျှ အချစ်ရေးကျမှ အဆန်းထွက်နေရပါလား။
"Sehun! ဘာလုပ်နေတာလဲ ဇွန်းကြီးတမွှေမွှေနဲ့ ကော်ဖီတွေလည်း အေးကုန်တော့မယ်"
"အေး Min!"
ဆိုင်ထဲသို့ ဝင်လာပြီးနှုတ်ဆက်သော Min။ အခုထိုင်နေတဲ့ Cafeက Companyရဲ့မျက်စောင်းထိုးလေးမှာဆိုတော့ ကြည့်ရတာ ဖြတ်သွားရင်းကျွန်တော့်ကိုမြင်သွားပုံရတယ်။ ကျွန်တော့်အရှေ့က လွှတ်နေတဲ့ ထိုင်ခုံလေးမှာနေရာယူလိုက်ပြီး......
"ဘာလုပ်နေတာလဲလို့?"
"အချိန်ဆွဲနေတာ"
"ဟင်?"
ကျွန်တော့်စကားကို မကြားလိုက်ဟန်ဖြင့် ပြန်ကာမေးလိုက်သော Min..
"အချိန်ဆွဲနေတာလို့"
"Wae?"
"ငါဒီနေ့သူနဲ့အတူ ဝတ္ထုထဲကမလိုတဲ့အပိုင်းတွေပြန်ဖျက်ကြပြီး edit လုပ်ရမှာ အဲ့တာ...."
"အော်.... မနေ့ကဖြစ်ခဲ့တဲ့ကိစ္စကြောင့်မလား။ စိတ်ထဲမထားပါနဲ့ကွာ။ သူကသဘောထားကြီးတယ်လို့ ငါကြားဖူးပါတယ်"
YOU ARE READING
Piece by Piece
Fanfiction"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"