Sixteenth Piece

2.5K 255 24
                                    

အမှောင်ကျနေသော အခန်းထဲ လိုက်ကာအကြားမှနေရောင်ဖြည်ဖျဖျလေးသာ ဝင်လာနေလျက်။ တိတ်ဆိတ်သော ပတ်ဝန်းကျင်ထဲ တချက်တချက် ပေါ်လာသော ညည်းသံတွေ အံကြိတ်သံလေးတစ်ချို့နှင့် နာကျင်မှုများဟာ အနိုင်ထက်စီးနှင်းသယောင်နိုင်ပေမယ့် ကျွန်တော့်အတွက်တော့ သာယာမှုများကို ပေးစွမ်းနေသော မူးယစ်ဆေးပင်။ ဘယ်နေရာကိုရောက်နေလဲဆိုတာကိုတောင် ကျွန်တော်မေ့ပျောက်ပျောက်ဖြစ်နေမိတယ်။ သူ့အိမ်ကို ကျွန်တော်ရောက်နေခဲ့တာပဲ။ ရုံးခန်းထဲမှာ ကျွန်တော့်အတွက် ပူဆွေးငိုကြွေးနေခဲ့တဲ့သူ့ကြောင့် ကျွန်တော့်နှလုံးသားကြီးဆူပွတ် လာလို့ နှလုံးသားရဲ့အမှန်တရားက မီးတောင်ပေါက်ကွဲသလို ပူလောင်တောက်ပသော အနမ်းတွေနဲ့ဖွင့်ဟပြောနေခဲ့တာ။ အခုတော့ ကျွန်တော် သူ့အိပ်ရာပေါ်မှာ အရှိန်မသေသေးသော ပူပြင်းသည့် ပေါက်ကွဲမှုများသဏ္ဏာန်အလား။

"Lu....."

သူ့ရဲ့ ရင်ခေါင်းအသံတိုးတိုးလေးဟာ ကျွန်တော့်နားထဲ တိုးဝင်လာသည်နှင့်.တစ်ပြိုင်အနက် အဝတ်မပါသော သူ့ခန္ဓာကိုယ်ကို ကျွန်တော့်ခန္ဓာကိုယ်အပေါ် ထပ်ကာတင်လိုက်တယ်။ သူ့ခန္ဓာကိုယ်အောက်တွင် မျက်နှာချင်းဆိုင်ကာ လဲလျောင်းနေသော ကျွန်တော့်မျက်နှာဆီသို့ အနားတိုးလာလျက်ရှိသော်လည်း သူ့ရဲ့မျက်မှန်ဝတ်ထားခဲ့ရသောကြောင့် ကျဉ်းမြောင်းစူးရှသော မျက်ဝန်းများကတော့ ကျွန်တော့်မျက်ဝန်းများထံမှလွှဲ၍ အကြည့်မလွဲသွားခဲ့ပေ။ ထိုအကြည့်များကြောင့် ကျွန်တော့်ခန္ဓာကိုယ် အတွင်းအင်္ဂါများ အရည်ပျော်ကျကုန်သလား....ပူပြင်းစူးရှသော မီးတောင်မှ ချော်ရည်များ ကျွန်တော့်လည်မျိုတစ်လျှောက်များ စီးဆင်းကုန်သလား... ဥပမာအင်္လာများစွာပြီးအနောက်တော့ သူ့ကိုဆာလောင်မှုများစွာကျန်ရစ်စေသော အကြည့်များပင်...။

သူ့ရဲ့မျက်ဝန်းအစုံတို့ကို မှိတ်ပစ်ခဲ့လိုက်ပြီ။ အခုတော့ သူ့ရဲ့ ပါးလွှာသော နှုတ်ခမ်းဖျားလေးဟာ ကျွန်တော့်နှုတ်ခမ်းဖျားမှ အသက်ဝိညာဉ်ကို စုပ်ယူဖို့ကြိုးစားနေခဲ့ပြီ။ ကျွန်တော့်ရဲ့အပေါ်နှုတ်ခမ်းလေးကိုအရင် ညင်ညင်သာသာလေး စုပ်ယူနမ်းရှိုက်တယ်။ ထို့နောက် လက်တစ်ဆစ်မျှသာ ကွားဝေးသော အနေအထားသို့ နှုတ်ခမ်းအစုံကို နေရာပြန်ယူစေကာ တစ်ခေါက်ပြန်လည် ကျွန်တော့်ရဲ့ အောက်နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက်ပြန်တယ်။ ထိုအပြုအမှုတို့ကြောင့် ကျွန်တော့် အသိစိတ်တွေဟာ ဝေဝါးကုန်လေတယ်။ နှုတ်ယူခြင်းခံလိုက်ရတော့မည့် အသက်ဝိညာဉ်ကို ပြန်ဖမ်းထိန်းချူပ်လိုက်သလိုနှယ် ကျွန်တော့်လက်ဖဝါးတွေက သူ့လည်းပင်းနဲ့ ကျောပြင်ကို မြဲမြံအောင် ကိုင်တွယ်ထားမိတယ်။ သို့သော်လည်း ကိုင်တွယ်ထားသော်လည်း အမြင့်တစ်နေရာပေါ်မှ ပြုတ်ကျလာသော ရေစက်ကလေး တစ်ပေါက်နှယ် ကျွန်တော့်ရင်တွေခုန်နေမိတယ်။ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေသလို ကျွန်တော့်ဝမ်းအတွင်းမှ ပူလောင်မှုကလည်း တိုးသထက်တိုးလာသောကြောင့် ဆာလောင်မှုကလည်း သိသာလာလေတယ်။

Piece by PieceWhere stories live. Discover now