'' ကိုကို. . . ''
ကျောခိုင်းထားရာအရပ်က
စူးကနဲပြဲထွက်လာသော
အသံကိုကြားလိုက်တာနဲ့
အသံရှင်ကို စုံစမ်းနေဖို့မလို
sehun လှည့်မကြည့်ပဲ
ကိုယ်ကိုအသာအယာတိမ်းပေးလိုက်တော့
နောက်ကနေပြေးဖက်လိုက်တဲ့
luhan တယောက် အရှိန်တွေလွန်ပြီး
sehun ရှေ့မှာရပ်စကားပြောနေတဲ့
kai ရင်ခွင်ထဲကို တန်းတန်းမတ်မတ်
ပြေးဝင်သွားသလို
chanyeol ရဲ့ တဟားဟားရီသံနဲ့အတူ
luhan ရဲ့ ကိုကို ကနေ ကိုကိုးဖြစ်အောင်
မကျေမနပ်အော်ဟစ်လိုက်သံက
ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာလေရဲ့
'' ကိုကို ဘာလို့ဖယ်လိုက်တာလဲ
ကျွန်တော် ဖက်မလို့ပါဆို ''
နှုတ်ခမ်း ပိစိကွေးကို
ရှေ့တတောင်လောက်ထွက်လာအောင်
ဆူထော်ပြီး
sehun ကို ရန်တွေ့နေပြန်တဲ့ luhan
ဘာလာလုပ်ပြန်တယ်မသိ
စိတ်ရှုပ်ဖို့ကောင်းတယ် ရယ်လို့
sehun ကတော့ မျက်မှောင်ကုပ်ချင်ချင်
'' ကိုကို sehun ကတော့
အဖက်ခံမှာမဟုတ်ဘူး
ကိုကို kai ကိုပဲ ဖက်လိုက်တော့နော် ကလေး ''
ပြီတီတီ ပြုံးပြပြီး
သူ့ကိုပြန်ဖက်ထားတဲ့
kai ကို luhan ဆတ်ကနဲတွန်းထုတ်တယ်
မျက်စောင်းတချက်ဝင့်ရင်း
'' ကျွတ် . . ဖယ်စမ်းပါ
အမည်းတွေကူးမယ် ''
kai က luhan အပြောကို
ဟက်ဟက်ပက်ပက်ရီတယ်
သူ့ကိုလှောင်နေမှန်းသိလဲ
![](https://img.wattpad.com/cover/79899364-288-k117447.jpg)