'' Luhan. . ဘယ်လိုနေလဲ ''
Chanyeol အသံကြားသည်နဲ့
လှည့်ကြည့်လိုက်မိတော့.. .ရင်ထဲမှာလှိုက်ကနဲ
ကိုကိုလိုက်လာတယ်
မကြည်မလင်မျက်နှာထားက
အတင်းဆွဲခေါ်လာလို့ပါလာရပုံ
အို ဒါပေမယ့်လဲ ကိုကိုလိုက်လာပေးသားပဲ
Luhan ကြည်နူးစွာမျက်ရည်ပင်ဝဲချင်လာရသည်
.
.
'' Luhan . . မေးနေတာငါ ငါ့ကိုကြည့်ဦး ''.
.
မျက်နှာရှေ့မှာ လက်ယမ်းကာပြောသောChanyeol ကိုလှည့်မကြည့်အား
.
.'' ကိုကို . . ''
.
.Sehun ကိုသာ အားကိုးတကြီးလှမ်းခေါ်ရင်း
.
.'' ကျွန်တော်ဖျားနေတယ် ကိုကို ''
.
.တိုင်တည်သလိုပြောပြမိသည်
Chanyeol ကတော့ မျက်စောင်းထိုးကာ
ဘေးမှာစောင့်နေပေးသော Baekhyun နား
ပြေးကပ်သွားသည်
.
.
'' နေမကောင်းရင်ဘာလို့ကျောင်းလာလဲအိမ်မှာနေပေါ့ ''
'' အိမ်မှာ ဘယ်သူမှမရှိဘူးကိုကို
မေမေရော ဖေဖေကော အလုပ်အစည်းအဝေး
သွားတတ်တဲ့လူနဲ့ နယ်ဆင်းသွားတဲ့လူနဲ့
ကျွန်တော် တယောက်တည်းမနေချင်လို့ . . ''
.
.ဖြေရှင်းသလိုလေးပြောပြမိတော့
ကိုကိုဘာမှမပြောတော့
.
.
'' ကဲ . . အဲ့တော့ ခုဘာလုပ်မှာလဲ '''' အိမ်ပြန်ချင်တယ် . . ကိုကို. . ဒါပေမယ့် . . ''
.
.
.
ဒါပေမယ့်ဘာဖြစ်လဲ ဆိုတဲ့မျက်နှာနဲ့ကိုကိုကြည့်လာတော့ Luhan အရဲစွန့်လိုက်မိသည်.
.
.'' ဒါပေမယ့် တယောက်တည်းတော့
မနေချင်ဘူး ကိုကို အိမ်မှာလိုက်နေပေးပါလားဟင် ''
ပြောပြီးမှကိုကို့မျက်နှာကိုမရဲတရဲ
ခိုးကြည့်မိသည်