ကျောပိုးအိတ်ကြိုးကိုတင်းတင်းဆုပ်ကာ
ဟိုဟိုဒီဒီကြည့်မိသည် ။
လေဆိပ်ကျယ်ကျယ်
လူများများကြားထဲမှာကိုကို့ကိုခုထိမမြင်ရသေး ။
.
..
.လာများမကြိုတာလား ။
ဟင့်အင်း မဟုတ်လောက်ပါဘူး ။
အချိန်လဲသေချာပြောထားတာကို. . ။
.
.ဘောင်းဘီအိတ်ထဲကဖုန်းလေးကိုထုတ်
ကိုကို့ဆီဖုန်းခေါ်ရင်း အပြင်ကို
ဖြည်းဖြည်းချင်းထွက်လာခဲ့သည် ။
.
.'' အင်း luhan ပြော ''
.
.'' ကျွန်တော် ရောက်ပြီ ကိုကိုရဲ့ ကိုကိုကော''
.
.'' ငါလည်းရောက်နေပြီ. .မင်းဘယ်နားမှာလဲ. .''
.
.'' ကားတွေရပ်ထားတဲ့နား. . အယ် . .''
.
.ကားတစ်စီးရဲ့အကွယ် ထောင့်လေးကနေ
ဘွားကနဲပေါ်လာသည့်ကိုကို့ကိုမြင်တော့
သူလွှတ်ကနဲပျော်သွားကာ . .
.
.'' ကိုကို ကိုကို. . ''
.
.ခုန်စွခုန်စွအော်နေသည့်သူ့ဆီ
ကိုကိုကလက်တဖက်မြှောက်ပြရင်းလျောက်လာသည်
နီးလာသည့်ကိုကို့ကို ထင်ထင်ရှားရှားမြင်ရတော့
သူ့မှာငေးကနဲ. .
.
.ကိုကိုချောလာလိုက်တာ. . အရပ်လဲပိုမြင့်လာသလို
ဆံပင်ကလဲတိုရှင်းလေးနဲ့လူကြီးလေးကျနေတာ. .
.
.'' မမြင်ဖူးဘူးလား ဘာတွေငေးနေတာလဲ ''
.
.မျက်နှာရှေ့မှာ လက်ဖဝါးကိုယမ်းပြရင်း
ကိုကိုကပြုံးစိစိ. .
.
.'' မမြင်ရတာကြာလှပြီကိုပဲ. .''