ရှေ့မှာချထားသောကော်ဖီခွက်ကို. .သုန်သုန်မှုန်မှုန်
စိုက်ကြည့်နေရင်း. . သူ့ပုံစံကစိတ်ကောက်နေသော
ကလေးတယောက်နဲ့တူနေမလားလို့တွေးလိုက်မိတော့
ချက်ချင်းပဲ သူ့မျက်နှာထားကိုပြင်လိုက်မိသည်သူ့အမေရှေ့မှာ ကလေးဆန်သောပုံမျိုးသူမပြချင်
'' သား အမေပြောတာ ကြားရဲ့လား. . တခုခုဖြေဦးလေ. ''
'' ပြန်ဖြေစရာလိုလို့လား မဖြစ်နိုင်တဲ့ကိစ္စပဲကို. . ''
'' ဘာလို့မဖြစ်နိုင်ရတာလဲသားရယ် luhan ကလိမ္မာ
တဲ့ကလေးပါ. . အကြာကြီးလည်းမဟုတ်ဘူး. .
တလလောက်ပဲလေ. . ''သူစိတ်ပျက်စွာခေါင်းကိုခါယမ်းမိသည်
'' ဘာလို့မဖြစ်နိုင်တာလဲဟုတ်လား အတူတူမနေချင်
လို့မှ အိမ်ခွဲနေတဲ့လူဆီကို မမြင်ချင်တဲ့လူကိုပို့မယ့်ကိစ္စ
ကဘာလို့မဖြစ်နိုင်တာလဲဆိုတာ တကယ်မသိတာလား''ပြောရင်းသူပိုပြီးစိတ်တိုချင်လာသည် မဖြစ်တော့
ဒီထက်ပိုပြီး သူ့ဒေါသတွေ ဒီဂရီတိုးမလာခင်
သူထွက်သွားသင့်ပြီ'' luhan အဖေက ကျန်းမာရေးအခြေအနေအတော်
ဆိုးနေတယ်သား သူ့နှလုံးကိုခွဲစိတ်မှုခံရလိမ့်မယ်. .''ထရပ်လိုက်ပေမယ့် သူ့ခြေလှမ်းတွေနေရာမရွေ့ခဲ့တော့
သူ့အမေကိုသာ အထိတ်တလန့်ငုံ့ကြည့်လိုက်မိသည်'' ခွဲစိတ်ရမယ် . . ?''
သံယောင်လိုက်ရေရွတ်မိလိုက်သော သူ့ကိုသူ့အမေက
ခေါင်းညိတ်ပြသည်'' ဟုတ်တယ် sehun. . မခွဲရင်မဖြစ်တော့တဲ့အခြေအနေ
ပဲ. . ဆေးရုံတင်ဖို့ပြင်ဆင်ပြီးပြီ. . လူနာစောင့်ဖို့
မေမေလဲအတူလိုက်သွားရမှာမို့. . luhan
တယောက်ထဲအိမ်မှာထားခဲ့ဖို့အဆင်မပြေဘူးလေ. .
ပြီးတော့. . ''ပြီးတော့ ဘာကျန်သေးလဲ သူမေးပင်မမေးနိုင်
ခပ်ငိုင်ငိုင်ရပ်ကာနားထောင်နေမိသည်''ပြီးတော့ luhan ကဆေးရုံတက်ရမယ်ဆိုတာ
မသိထားဘူး နိုင်ငံခြားအလုပ်ခရီးရှိတယ်လို့ပဲ သူ့ကို
ပြောထားတယ်သား''သူပိုပြီးတုန်လှုပ်လာသည်
'' ဘာလို့လဲ ဘာလို့ အမှန်အတိုင်းမပြောတာလဲ''