အကြည့်နှစ်စုံသည်
လမ်းခုလတ်တွင် အချိန်ကြာမြင့်စွာ ရင်ဆိုင်လျက်
သို့သော် ချစ်ရည်မရွှန်းလဲ့
အကြင်နာဖြင့်မနူးညံ့
တယောက်နဲ့တယောက်အနိုင်ယူဖိနှိပ်ဖို့
အားပြိုင်နေသလို ။
ဒါဘယ်လိုအခြေအနေမျိုးလဲလို့
သတိထားမိတော့ Baekhyun စိတ်ပျက်စွာ
မျက်နှာလွှဲမိရသည်။
.
.
.
'' ဘာလို့အဲ့ဒီ တက္ကသိုလ်မှလဲ Baek. .''
.
.
တိုးသက်သော်လည်း
ခါးသီးမှုအပြည့်ပါသည့် လေသံ
Chanyeol ကိုယ်တိုင်လည်း
သူ့ကိုမျက်နှာလွှဲထားခဲ့သည် ။
.
.
.
ပထမဆုံးအကြိမ်ကြားဖူးသည့်စကားမဟုတ်
Kris နဲ့တစုံတရာပတ်သတ်မိလေတိုင်း
ဒီလိုကန့်ကွက်ငြိုငြင်သံကိုကြားရမြဲ
ကိုယ့်အမှားမရှိလို့ထင်မိတဲ့ကိစ္စကို
ဘယ်သူကဘာပြောပြော
ခြေလှမ်းပြင်ဖို့စိတ်ကူးမရှိသည်ကပဲ
သူတို့ကြားကတင်းမာမှုကို
အရှိန်မြင့်စေသည်လားမဆိုနိုင် ။
.
.
.
'' အဲ့ ဒီတက္ကသိုလ်ကဘာဖြစ်နေလို့လဲ
Chanyeol. . ဒီနိုင်ငံရဲ့ ပညာရေးအဆင့်မှာ
အကောင်းဆုံးထဲကတစ်ခုပဲ
ကျောင်းပြီးရင်လဲအလုပ်ရဖို့သေချာတယ်
ပညာသင်ဆုသာရခဲ့ရင်
ကျောင်းတက်နေတုန်းလဲစရိတ်ကုန်စရာမရှိဘူးဒီထက်ကောင်းတာဘာရှိသေးလဲ ငါ့အတွက်တော့
ဒါက မိုးပေါ်ကကျလာတဲ့အခွင့်အရေးလိုပဲဆိုတာ . .''