.
.
📩မင်း အပြင်ထွက်လာမလား ကိုယ်အထဲဝင်လာ
ရမလား . . 📩
..
'' ဟူး. . ''
မထလို့မရတော့ ကိုယ်တယောက်တည်းနေတာ
မဟုတ်သည့်ဒီအိမ်မှာတော့ baekhyun
ပြဿနာအဖြစ်မခံနိုင်ပါခြံတံခါးကိုဖွင့်ထွက်လိုက်တာနဲ့
ကားကိုမှီကာ လက်ပိုက်ရပ်နေသော chanyeol
ကိုမြင်လိုက်ရသည်'' ဘာကိစ္စလဲ park chanyeol . . ''
ပြန်မဖြေပဲ ခေါင်းတချက်ငဲ့ပြရာဆီ baekhyun
လှည့်ကြည့်မိတော့. . . .
.
.
တုန်တုန်ခိုက်ခိုက်နဲ့ ခေါင်းငုံ့နေသောမိန်းကလေး
.
.
'' ဘာလုပ်နေတာလဲ . . ''
.
.chanyeol ရဲ့အေးစက်စက်လေသံအဆုံးမှာ
တုန်ကနဲဖြစ်သွားတဲ့မိန်းကလေးက
ကပျာကယာအရှေ့တိုးလာသည်'' ဟို ဟို baekhyun. . ငါ. . ငါ မနက်က
ဖြစ်တဲ့တဲ့ကိစ္စ အဲ့ဒါ တောင်းပန်ချင်လို့ပါ
ငါ မှား. . မှားသွားပါတယ် ခွင့်လွှတ်ပေးပါ . . ''baekhyun စိတ်ပျက်စွာခေါင်းခါမိလုမတတ်
ဖြစ်သွားသည်
ခုကျတော့လဲ
baekhyun ကို ရေနဲ့လောင်းခဲ့စဉ်ကပုံစံနဲ့
ဘာမှကိုမဆိုင်ပါလား. .baekhyun . . chanyeol ဘက်ကိုတည့်တည့်
လှည့်ပြီးမျက်နှာချင်းဆိုင်လိုက်သည်'' ဒါ ဘာလုပ်တာလဲ . .park chanyeol. . ''
'' တောင်းပန်နေတာလေ မင်းကိုသူလုပ်ခဲ့တဲ့
လုပ်ရပ်အတွက်. . ''''. .အဲ့ဒီတော့. . .''
'' နောက်တခေါက်ဒီလိုအဖြစ်မျိုးလုံးဝမရှိစေရဘူး
baek. . ကိုယ်ကတိပေးတယ် . .မင်းကိုဘယ်သူမှ
မစော်ကားရဲစေရဘူး . . ''ခုထိခေါင်းငုံ့ရပ်နေဆဲမိန်းကလေးက ပို၍ပို၍
ခေါင်းငုံ့သွားသည်ကိုကြည့်ကာ
baekhyun စိတ်ဆင်းရဲလာသည်
ဘယ်လိုခြိမ်းခြောက်မှုတွေနဲ့များ
ဒီနေရာကို ပါအောင်ခေါ်လာပါလိမ့်'' ငါကတောင်းပန်ခံချင်နေတယ်လို့
မင်းထင်နေတာလား. . . park chanyeol
ငါ့ကို ဘယ်သူမှထပ်ပြီး မစော်ကားဖို့ဆိုရင်
မင်းတကယ်လုပ်ရမှာက ဒါမျိုးမဟုတ်ဘူး . . . ''chanyeol သူ့ကို ခပ်တွေတွေငေးကြည့်နေသည်
ရင်မောပါရဲ့ ပြဿနာရဲ့အရင်းအမြစ်ဟာ
သူကိုယ်တိုင်ဆိုတာကို chanyeol ဘယ်တော့များ
မှသိမှာပါလဲ