ကားလေးက ကျောင်းတံခါးပေါက်တည့်တည့်မှာ
ငြင်ငြင်သာသာရပ်သွားသည် ။ ကားတံခါးကိုဖွင့်ပြီး
ဆင်းကာသူတိတ်တဆိတ်ရပ်နေမိသည်။
.
.'' ညနေ မေမေလာကြိုမယ် စောင့်နေနော် ''
.
.အသံမထွက်ပဲ ခေါင်းကိုသာခပ်လေးလေး
ညိမ့်ပြလိုက်မိသည် ။
လှိမ့်ကာဖြည်းဖြည်းချင်းထွက်သွားသည့်
ကားလေးက
ဝေးသွားသည့်တိုင်
သူ့ကို တစိုက်မက်မက်မျက်လုံးမလွှဲပဲစောင့်ကြည့်
နေသည်လို ခံစားရသည် ။
သက်ပြင်းတစ်ချက်ကိုချရင်း
ကျောင်းထဲသို့ခြေလှမ်းကိုဦးတည်သည် ။
.
.
.
မရည်ရွယ်ပါပဲလျက်
အကြည့်တို့က
နောက်ဆုံးနှစ်အတန်းများရဲ့
ဝရန်တာဆီ ရွေ့လျားသွားမိတော့ . . .
.
.
ခြေလှမ်းတို့ယောင်ယမ်းကာရပ်တန့်မိတော့မလို. .
ဝရန်တာလက်ရန်းကို လက်မှီလျက်
ကိုယ်ကိုကိုင်းညွှတ်ကာ
လှမ်းလို့မျှော်ငေးနေလေသူ
သတိထားနေသည့်ကြားက
အကြည့်ကိုပြန်မရုတ်သိမ်းနိုင်ပဲ
ပြန်လှန်ငေးစိုက်တွယ်ငြိနေမိပြီးမှ. .
.
.
ပြည့်အိုင်လာသောမျက်ရည်မိုးကို
လူမမိစေရန်
အံကိုကြိတ်ကာ မျက်ဝန်းတို့ကို
ဖယ်ခွာသည်
ကျောခိုင်း၍ထွက်ခွာလာသည့်တိုင်
နှလုံးသားသည်ခြေလှမ်းတို့နှင့်အတူမပါ
လွမ်းမောစွာ နေရာတွင်ရပ်တန့်ကျန်ခဲ့လေသည်
.