Baekhyun ခြံထဲကထွက်လာပြီး
မျက်စိရှေ့တွေ့သည့်အုတ်ခုံလေးပေါ်
ဟန်မဆောင်နိုင်တမ်း ထိုင်ချလိုက်ရတော့သည် ။
ခြေထောက်ကိုထုနှက်ရင်း
ကျောခိုင်းလာရာ ခြံဝန်းကို ငေးကြည့်နေမိသည်။
..
.
မောရကျိုးမနပ်လေသည့်အဖြစ် ။
.
.ဒီကိုရောက်လာပြီး အခြေကျသည်နဲ့
ပထမဆုံးကြိုးစားခဲ့သည်က
Kai ပေးလိုက်သည့်လိပ်စာကိုရှာဖွေဖို့. . ။
..
.
ကိုယ်ကျွမ်းကျင်ရာမြေကလည်းမဟုတ်
လမ်းပြသူအဖော်ကလည်းမပါ ။
တလမ်းဝင်တလမ်းထွက် ကားတတန်ခြေလျင်တလှည့်
အပန်းတကြီးရှာပြီးမှ ရောက်အောင်သွားခဲ့သော်လည်း
Zi Tao သည်ထိုအိမ်တွင်မရှိခဲ့ပါ ။
.
.
.
ပေးလိုက်သည့်လိပ်စာကတော့မှားမည်မဟုတ်လျင်တစ်နေရာကိုပြောင်းရွှေ့သွားတာဖြစ်နိုင်သော်လည်း. .
ဘယ်မှာရှာလို့ရနိုင်သည်ဆိုတာကိုလည်းမေးမရ. .
.
.
.စုံစမ်းရအောင်ကလည်း သိတာဆိုလို့
ZiTao ဆိုသည့်နာမည်တစ်ခုရယ်
Korea မှာနေဖူးတာရယ် လောက်ကလွဲရင်မရှိလေတော့. .။
.
.တတ်နိုင်သမျှစုံစမ်းနေသည့်အထဲ
အခုရခဲ့သည့်လိပ်စာက နောက်ဆုံးကောက်ရိုးမျှင်။
အခုတော့ နောက်ဆုံးကောက်ရိုးမျှင်သည်ပင်ပြတ်လေပြီထင်။
ဒီအိမ်မှာလည်းသူရှာနေသူနဲ့အမည်တူပင်မရှိလေ ။
.
.
စိတ်ကမလျော့သေးသော်လည်း
ခြေထောက်တွေကအနားပေးဖို့လိုနေပြီထင်
ဝတ်ထားသောအပေါ်ရုံပါးပါးကပင်ချွေးနစ်၍