locker ကိုဆွဲဖွင့်လိုက်တာနဲ့
ဖျောကနဲထွက်ကျလာသောအရာများက
ခြေထောက်ပေါ်အထိပါ ဖုံးလွှမ်းသွားသည်ပြင်းထန်စူးရှသောအနံ့အသက်ဆိုးများနှင့်
ဘာမှန်းမသိ တချို့သောအထုပ်များထဲက
အရည်တို့ကစေးကပ်ပျစ်ချွဲစွာbaekhyun ယောင်ယမ်းကာ
အသက်အောင့်ထားမိပြီးမှ
လေပူတချက်ကို မှုတ်ထုတ်လိုက်မိသည်locker ကို ခပ်ဆောင့်ဆောင့်ပြန်ပိတ်ရင်း
တဖက်သို့ပြန်လှည့်လိုက်ချိန်. .'' ဗွမ်း. . ''
ဘေးမှဝိုင်းကြည့်နေသော
ကျောင်းသားများထံမှ ဝေါကနဲနေအောင်
ဟိန်းထွက်လာသော အာမေဋိတ်သံက
ကျောင်းပင်တုန်လုမတတ်ခေါင်းပေါ်မှစကာ လောင်းချခံလိုက်ရသော
ရေတို့က ခန္ဓာကိုယ်တခုလုံးနစ်သီးလျက်မျက်နှာပေါ်ကရေတွေကို
သုတ်ဖယ်မချမိတော့ အမြင်အာရုံကဝေဝါးလျက်
ရှေ့မှာရပ်နေတာမိန်းကလေးတယောက်
ဆိုတာကလွဲရင် . . ဘာကိုမှမမြင်'' သိပ်ညစ်ပတ်လွန်းလို့ ရေဆေးပေးတာ
byun baekhyun. . နင့်ဆီကသိပ်နံလွန်းတယ် ''တကိုယ်လုံးတုန်ခိုက်လာသည်အထိ
ဒေါသစိတ်နဲ့ အခြားဖော်မပြနိုင်သော
ခံစားချက်များက . . ရင်နှင့်အပြည့်ရှေ့မှမိန်းကလေးက ရင်ဘတ်ချင်းထိလုမတတ်
baekhyun ဆီတိုးကပ်လာသည်'' နောက်တခါ chanyeol sambae နားမှာ
နင့်ကိုမြင်ရရင် ဟန်မြစ်ထဲအထိပစ်ချပြီး
နင့်အညစ်အကြေးတွေကိုဆေးပေးမယ် သိလား
Byun Baekhyun သတိထားနေ ''လက်ထဲမှ ရေပုံးကိုကြမ်းပြင်ပေါ်
ခပ်ကြမ်းကြမ်းလွှင့်ပစ်ပေါက်ကာ
သူမလှည့်ထွက်သွားသည်အထိ Baekhyun
မလှုပ်မယှက်ရပ်နေမိသည်
ကိုက်ခဲထားမိသော နှုတ်ခမ်းအတွင်းသားမှ
သွေးများက အပြင်သို့ပင်စီးကျလုလုလူတွေ. . ပြီးတော့. . မျက်လုံးတွေ
တီးတိုးစကားသံတွေBaekhyun နေရာကနေလှည့်ထွက်လာခဲ့သည်
မျက်လုံးထဲမှာဘာကိုမှမမြင်
ဝင်တိုက်မိတဲ့သူတွေကလည်း
ဘယ်သူတွေမှန်းမသိတော့
လူအုပ်ထဲက လွတ်တာနဲ့ ပြေးထွက်လာခဲ့မိတော့
သည်
![](https://img.wattpad.com/cover/79899364-288-k117447.jpg)