ကျောပိုးအိတ်ကလေးဆွဲပြီး
လမ်းမအတိုင်း လျောက်လာနေတုန်း
အသာအယာ ဘေးနားမှာလှိမ့်ရပ်သွားတဲ့
ကားတစီး. . .
ကိုယ့်ဆီကိုရည်ရွယ်တာဟုတ်မဟုတ်
မသေချာတာမို့
ခြေလှမ်းတွေကို နှေးရုံနှေးလိုက်မိပေမယ့်
ဖြည်းဖြည်းချင်းလျောကျသွားတဲ့
တံခါးနောက်က
မျက်နှာတခုကိုမြင်လိုက်ရချိန်မှာတော့
Baekhyun ခြေလှမ်းတွေကရပ်တန့်လို့
သွားရပါတယ်
'' kris. . . ''
ကားနောက်ခန်းမှာထိုင်နေတဲ့ kris
သူ့ကို အပြုံးတခုလှမ်းပေးတယ်
'' လာလေ baekhyun တက်. . . ''
အကျင့်ပါစွာ ခေါင်းခါညင်းဆန်လိုက်မိလုလု
ဖြစ်သွားပေမယ့်
ဒီလမ်းကနေလမ်းမဆီရောက်အောင်
လမ်းလျောက်ရမယ့်အချိန်ရယ်
လမ်းမရောက်ရင်တောင်
ကားထပ်စီးရဦးမယ့်ကြာချိန်ရယ်
အချိန်ပိုင်းအလုပ်ဆီ အရောက်သွားဖို့
ကျန်နေသေးတဲ့ အချိန်ရယ်ကို
တွက်ဆလိုက်တော့
ငြင်းဆန်မယ့်စကားတို့က
အကောင်အထည်ပေါ်မလာနိုင်ခဲ့တော့
လူကုံထံရပ်ကွက်မို့
အများသုံးယာဉ်လိုင်းကလဲမရှိသည့်
ဒီလိုနေရာမှာလာနေသည့်
မိဘတွေကိုပဲ အပြစ်ဆိုရလေမလား
ဒါဆို သူမတရားပါ
သူတို့လဲနေချင်လို့မှမဟုတ်တာလေ
ဒီရပ်ကွက်ထဲကအိမ်မှာ
ပြောရရင် kris တို့အိမ်မှာ
အလုပ်လာလုပ်နေရသည်မို့
မနေချင်လို့မရလေတာမဟုတ်လား
အင်းလေ မနေချင်ဆိုတာကော ရှိပါ့မလား