Episode 1

5K 254 4
                                        

(Zawgyi)

★Cassiopeia Entertainment★

လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေ ရုပ်ရှင်သရုပ်ဆောင်တွေ တော်တော်များများကို မွေးထုတ်ပေးနေတဲ့ Ent. တခုပင်ဖြစ်သည်။ အဲ့ဒီလို အောင်မြင်ကျော်ကြားလှတဲ့ ent. လိုမျိုးမှာ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှတဲ့ ကိစ္စပါ။

ကျွန်တော်ကျတော့ ကံကောင်းတယ်ပဲဆိုရမလား အဲ အရည်အချင်းရှိတာလဲ ပါတာပေါ့နော်။ ကျွန်တော် နာမည်သိပ်မရှိလှတဲ့Bar တခုမှာ ညတိုင်းသီချင်းဆိုနေကျ။ တရက်ကျ အဲ့ဒီ ent. က လူတဦးက ကျွန်တော့်ကို တွေ့ခွင့်တောင်းပြီး သူတို့ဆီမှာ အဆိုတော်လုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်။

ကျွန်တော် ငယ်ငယ်တည်းက အဆိုတော် သိပ်ဖြစ်ချင်ခဲ့တာဆိုတော့ ဝမ်းသာအားရလက်ခံလိုက်တယ်။ တစ်ကောင်ကြွက်လဲဖြစ် bar မှာလဲလုပ်ဖ်ို့က တကယ်ဆို မသင့်တော်ပါဘူး အရှက်ကို ဖက်နဲ့ထုတ်ထားရတဲ့ ဘဝ။ တနေ့တနေ့ စားမတက်ဝါးမတက်ကြည့်နေကြတဲ့ မျက်လုံးတွေကိုလဲ ကြောက်ရသေး။ အခုတော့ ကျွန်တော်ဖြစ်ချင်တဲ့ အဆိုတော်လဲ ဖြစ်ပြီ စိတ်သန့်သန့်လဲ နေလို့ရသွားပြီ

"Kim Jaejoong ssi? စောင့်ပါဦးနော် မန်နေဂျာ ခဏနေ ရောက်လာလိမ့်မယ်"

"Nae"

အတွင်းရေးမှူးမ ချောချောလေးက ကျွန်တော်ထိုင်နေတဲ့ အခန်းထဲကို ဝင်လာပြီး စာရွက်တွေယူကာ ပြန်ထွက်သွားသည်။ ကျွန်တော်လဲ တွေးလက်စများကို ရပ်ကာ အခန်းအတွင်းကို မျက်စိကစားလိုက်တော့သည်။

မှန်ဘီဒိုပေါင်းများစွာမှာ ဆုတံဆိပ်တွေအပြည့် Idol တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ဓာတ်ပုံတွေကို တွေ့ရသည်။
ဒီ ent. ကလဲ တကယ့်တော်တဲ့သူတွေကိုမှ ရွေးပွဲထုတ်ပေးခဲ့တာလေ။

ကျွန်တော့်ရဲ့ စူးစမ်းနေတဲ့ အကြည့်တွေက ငယ်ရွယ်ပြီးချောမောတဲ့ ကောင်လေး၂ယောက် စမတ်ကျကျရိုက်ထားတဲ့ ဓာတ်ပုံတပုံရှေ့မှာ ရပ်တန့်သွားတော့သည်။ အရမ်းကို ဆွဲဆောင်မှုကောင်းပြီး ယောက်ျားပီသတဲ့ သူတို့မျက်နှာတွေကြောင့် နည်းနည်းတောင် မနှာလိုဖြစ်မိသည်။ အကြောင်းကား ကျွန်တော့်ရဲ့မျက်နှာက နုဖတ်ပြီး မိန်းကလေးနဲ့တူလွန်းလို့ တွေ့သမျှလူတိုင်းက စနောက်နေကြတယ်လေ။

CIRCLE [Completed]Where stories live. Discover now