(Zawgyi)
လူရှင်းတဲ့ကမ်းခြေတနေရာမှာ အခင်းကြီးတခုခင်းကာ ပျော်ပွဲစားထွက်လာကြတဲ့ လူတစု...
"ငါတို့အဖွဲ့ရဲ့ပထမဆုံးအတွဲကို ဂုဏ်ပြုပါတယ်"
ဝိုင်ခွက်တွေကိုယ်စီမြှောက်ကာ ချီးကျုးစကားဆိုတော့ Jaejoong မျက်နှာလေးနီရဲကာ Changmin နောက်ကျောမှာ အသာပုန်းကွယ်လိုက်တယ်... တခြားသူတွေရဲ့ စနောက်မှုကြောင့် Jaejoong ရင်ထဲမှာရှက်တာရော ပျော်တာရောပေါင်းပြီး ကတုန်ကယင်ကြီးဖြစ်နေမိတယ်...
"Chargi ahhh...!!!"
Changmin ရဲ့ပြောင်းလဲသွားတဲ့ အခေါ်အဝေါ်အောက်မှာ အသားမကျသေးတော့ အဲလိုတခါခေါ်တိုင်း Jaejoong မျက်နှာလေးရဲကာ ရှက်နေမိဆဲ... Changmin ခွံ့ကျွေးတဲ့မုန့်တွေရဲ့ အရသာကလဲဘယ်လိုနေလဲတောင် မမှတ်မိတော့ပဲ အကုန်ဗိုက်ထဲရောက်ကုန်တယ်...
"Minnie ahh မင်းကလဲအရမ်းအိုဗာတွေ လုပ်မနေနဲ့ Jaejoong မျက်နှာက စတော်ဘယ်ရီခင်းကျနေတာပဲ"
Junsu စနောက်လိုက်တဲ့စကားကြောင့် Changmin တွန့်ခနဲဖြစ်သွားတယ်... သူအခု Yuchun ရှေ့မှာမို့ တမင်တကာ Jaejoong အပေါ်မှာ အိုဗာတွေလုပ်ပြနေမိတာလား..??
"ဘာအိုဗာလဲ ငါက Joongie ကိုချစ်လို့ ဂရုစိုက်တာကို မနာလိုဖြစ်မနေနဲ့"
အနာပေါ်တုတ်ကျသလို Changmin စိတ်ဆိုးပြီးထအော်တော့ Junsu တောင်လန့်သွားရတယ်... သူက စလိုက်တာကိုပဲ.. Jaejoong ကတော့ သူတို့ကိုမျက်လုံးအပြူးသားလေးနဲ့ ငေးကြောင်ကြည့်နေဆဲ...
"ကဲ...ငါတို့ရေသွားကူးကြမလား..??"
"အင်း...ကောင်းတယ် သွားကြတာပေါ့"
Yunho ကစပြီးလောဆော်လိုက်တော့မှ အကုန်လုံးဝရုန်းသုန်းကားနဲ့ ထလာကြကာ အင်္ကျီတွေဆွဲချွတ်ပြီး ရေထဲဆင်းဖို့ပြင်ကြတယ်.. Jaejoong ကတော့ နေရာကပင်မထပဲ ဒီတိုင်းငေးနေဆဲ...
"Chargi ရေသွားကူးမယ်လေ"
Changmin က လက်ကိုလာဆွဲရင်းခေါ်တာကို Jaejoong က ခေါင်းခါပြလိုက်တယ်... သူလဲကူးချင်တာပေါ့... ဒါပေမယ့် ငယ်ငယ်တည်းက ရေကြောက်တတ်တဲ့အကျင့်ကြောင့် ရေကူးကန်တို့ ကမ်းခြေတို့ဆို Jaejoong အမြဲရှောင်ခဲ့တယ်... အခုကအဖွဲ့လိုက် ပျော်ပွဲစားထွက်တာမို့ လိုက်လာရတာ..
