Episode 11

1.7K 170 21
                                        

(Zawgyi)

Junsu ထမင်းစားနေရင်း သူ့ရှေ့မှာထိုင်နေတဲ့ Changmin နဲ့ Jaejoong ကို တိတ်တဆိတ်အကဲခတ်နေမိတယ်... အရင်ကဆို ကျွတ်စီကျွတ်စီနဲ့ တွတ်ထိုးနေကျသူတို့နှစ်ယောက် အခုကျတော့ ငြိမ်သက်နေတာ တခုခုတော့ထူးခြားနေတာအမှန်ပင်..

"မင်းတို့ရန်ဖြစ်ထားကြတာလား..??"

မနေနိုင်တဲ့ Junsu ကပဲ ထုတ်မေးလိုက်တော့ ၂ယောက်သားပြိုင်တူပင် တယောက်မျက်နှာကိုတယောက် ကြည့်လိုက်ကြပြီးမှ တလေသံတည်းထွက်လာကြတာက....

"မဟုတ်ပါဘူး....!!"

သူတို့၂ယောက် ဖြစ်နေတဲ့ပုံကြောင့် Junsu မထိန်းနိုင်ပဲတဟားဟား ထရီမိတော့တယ်.. ပေါင်းလာတာပဲကြာနေပြီ သူတို့ကြားထဲမှာ တခုခုစိတ်ကောက်နေတာမျိုး ရှိနေတယ်ဆိုတာ Junsu သတိထားမိပြီးသားပါ....

"ငါ့ကိုအမှန်အတိုင်းပြောစမ်းပါ မင်းတို့တခုခုဖြစ်နေကြတယ်မလား...??"

"ဘာဖြစ်ရမှာလဲ ဖင်ကောက်ရဲ့"

ဒီတခါပက်ခနဲပြန်အော်လိုက်တာက Changmin ရယ်ပါ... Jaejoong ကတော့ သူ့ပန်းကန်ထဲကခေါက်ဆွဲတွေကို ခက်ရင်းနဲ့စိတ်မပါတပါ ရစ်ပတ်နေတယ်...

"ငါသိကိုသိနေတယ် မင်းတို့အရင်က အရမ်းအဆင်ပြေကြတာကို အခုတယောက်နဲ့တယောက် စကားမှမပြောကြတာ"

"ဒီတိုင်းပဲပြောစရာစကားကုန်သွားလို့ပေါ့"

"ဒါကဆင်ခြေကောင်းတခုမဟုတ်ဘူးနော်"

Changmin ကသာ Junsu ကိုငြင်းနေတာ Jaejoong က သူနဲ့မဆိုင်သလိုလုပ်နေတော့ ပိုထင်စရာဖြစ်တာပေါ့... အမှန်ဆို Jaejoong အနေနဲ့ မဟုတ်ပါဘူးကွာဆိုပြီး Changmin နဲ့ရင်းရင်းနှီးနှီးနေပြရင်တောင် Junsu က ဒီလိုထင်မှာမဟုတ်ဘူး..

"မင်းတို့စားလို့မပြီးကြသေးဘူးလား...??"

အသံနဲ့အတူ ထမင်းစားခန်းထဲဝင်လာသူက Yunho... ထိုအခါမှ Changmin နဲ့ Junsu ရဲ့ငြင်းခုံသံတွေ တိတ်ဆိတ်သွားတယ်..

"Jaejoong ahh စားပြီးရင် ငါနဲ့ခဏလိုက်ခဲ့ပါလား ၀တ်စုံအသစ်တွေရောက်တာ တချက်သွားကြည့်မလို့"

"အင်း...ငါအခုပြီးပြီလေ"

Jaejoong သူ့စားလက်စပန်းကန်ကို ပန်းကန်သိမ်းတဲ့ဆီ သွားထားလိုက်ပြီး Yunho နောက်သို့ချက်ချင်းပင် လိုက်ဖို့ပြင်တယ်... Yunho ကလဲ Jaejoong လုပ်နေသမျှကို စိတ်ရှည်လက်ရှည်စောင့်နေရင်းမှ ပြီးတော့မှ နှစ်ယောက်သားအတူတူ ထွက်သွားလိုက်ကြတာ Junsu နဲ့ Changmin ကိုတောင် နှုတ်ဆက်မသွား...

CIRCLE [Completed]Where stories live. Discover now