(Zawgyi)
ရုတ်တရတ်ကြီး Changmin ကိုမြင်လိုက်ရလို့ Jaejoong မျက်နှာပျက်ပြီး တော်တော်လေးလန့်သွားခဲ့တယ်...။ Yunho ဘက်ကို လှမ်းကြည့်လိုက်တော့ သူနဲ့မဆိုင်သလိုခပ်ပြုံးပြုံးပင်....။
"မင်းတို့၂ယောက်ရန်ဖြစ်ကြပြန်ပြီလား..?? ပြောတော့နောက်တခါဆို ဘယ်တော့မှရန်မဖြစ်တော့ဘူးဆို"
Chanhmin က ပြောပြောဆိုဆိုနဲ့ အနားတိုးလာရင်း သူနားမှာတပ်ထားတဲ့ နားကြပ်ကိုဆွဲဖြုတ်လိုက်တယ်...။
"ဘာတွေဖြစ်နေကြတာလဲ ပြောစမ်းပါဦး ငါ့ဘာသာသီချင်းလေးနားထောင်ရင်း အေးဆေးအိပ်နေတာကို မင်းတို့ကြောင့်လန့်သွားတာပဲ"
Jaejoong စိတ်ထဲမှာတမျိုးဖြစ်သွားပြီး သေချာအောင် Changmin ကို ပြန်မေးလိုက်တယ်....။
"Minnie ahh ငါတို့ခုနကပြောတာ မင်းကြားလိုက်လား...??"
"မကြားလို့ ဘာဖြစ်နေကြတာလဲလို့မေးတာပေါ့"
ထိုအခါ Yunho က ဟက်ခနဲရီလိုက်ရင်း Changmin ပခုံးကို လှမ်းပုတ်လိုက်ရင်း.....
"သိချင်ရင် မင်းရဲ့ Joongie ကိုသာ ရအောင်မေးတော့ ငါကတော့သွားနှင့်ပြီ"
Yunho ထွက်သွားတော့ Changmin က Jaejoong ကိုကြည့်ကာ မေးဆတ်ပြတယ်....။ သဘောကတော့ ဘာဖြစ်ကြတာလဲ ပြောပြပေါ့.....။
"Arni ဒီလိုပါပဲ မင်းလဲသိတဲ့အတိုင်းပဲ ငါတို့က ကိစ္စသေးသေးလေးကအစ ငြင်းခုံရင်း ရန်ဖြစ်ကြတာကို"
Jaejoong အတတ်နိုင်ဆုံး စကားကိုထိန်းပြောလိုက်ရတယ်....။ ဒါကိုတောင် Changmin က သေချာရဲ့လားပုံစံဖြင့် စူးစူးရဲရဲကြည့်လာတယ်....။
"ငါကတော့ Minnie ဆိုတဲ့နာမည်ကြားလိုက်လားလို့...?"
"အဲ...အဲဒါက ငါတို့ကတဖွဲ့တည်းဆိုတော့ ပြောနေရင်းနဲ့ မင်းနာမည်လဲ ပါလာတာပေါ့"
ထိုအခါမှ Changmin လဲ ခပ်ပြုံးပြုံးနဲ့ ခေါင်းတညိတ်ညိတ်လုပ်နေတယ်....။ Jaejoong မှာတော့ ဇောချွေးတွေပါပျံနေရောပဲ....။ Changmin မကြားတာပဲ တော်တော်လေး ကံကောင်းတယ်....။
"Jaejoong ahh နေ့လည်စာ သွားစားကြမယ်လေ ငါဗိုက်ဆာနေပြီ"
Changmin ပခုံးဖက်ပြီး ဆွဲခေါ်သွားရာနောက်သို့ Jaejoong လဲ ကန့်လန့်ကန့်လန့်နဲ့ ပါသွားရပြန်သည်....။ စားသောက်ခန်းထဲသို့ မရောက်မီလမ်းမှာပင် ရှေ့မျက်နှာချင်းဆိုင်မှ လျှောက်လာသော Yunho ကိုတွေ့လိုက်ရတယ်.....။ သူတို့နှစ်ယောက်ရဲ့ ပုံစံကိုမြင်တော့ Yunho က အကဲခတ်သလို မျက်မှောင်ကျုံ့ကြည့်လိုက်သည်....။
