(Zawgyi)
"Jaejoong ငါဇက်ကြောတက်နေလို့ လာနှိပ်ပေးပါလား??"
Yunho စကားကြောင့် Jaejoong ဆတ်ခနဲလှည့်ကြည့်တော့ ကိုယ်တော်ချောကမိန့်မိန့်ကြီးပြုံးနေတာ....။ သွားမလုပ်ပေးလို့ကလဲမဖြစ် သူ့ဆီမှာကနိုင်ကွက်ရှိနေတာလေ...။
Jaejoong အသာထသွားပြီး Yunho ကို နှိပ်ပေးလိုက်တော့ Changmin က မျက်လုံးအပြူးသားနဲ့လှမ်းကြည့်နေသည်....။
"ထူးဆန်းလိုက်တာ တနေကုန်သတ်နေကြတဲ့၂ယောက် ခုကျတော့ အဆင်ကိုပြေနေတာပဲ"
"Jaejoong ကခုဆိုရင် Leader ကိုရိုသေရမယ်ဆိုတာ သိသွားပြီလေ"
"ဒါပေမယ့်မင်းတို့ရန်မဖြစ်တော့လဲ ပျင်းစရာတော့အကောင်းသား"
"နောက်လဲမဖြစ်တော့ပါဘူး Jaejoong က လိမ္မာသွားပြီ"
Jaejoong ရဲ့ဒေါသက ထောင်းခနဲထလာတယ်...။ ကြည့်စမ်း အခွင့်ရတုန်းငါ့ကိုနှိပ်ကွပ်နေတာ... သေပေတော့....။ Jaejoong လဲ စိတ်ပေါက်ပေါက်နဲ့ Yunho ဇက်ပိုးကိုခပ်နာနာလေး ဖိနှိပ်ပေးလိုက်တယ်...။
"အား ကောင်းလိုက်တာ အဲလိုအားပါပါလေးနှိပ်စမ်းပါ ခုနကနှိပ်တာ ပျော့တိပျော့ဖက်နဲ့ မိန်းကလေးကျနေတာပဲ"
သေစမ်း....သူ့ကိုနာအောင်တမင်လုပ်ကာမှပဲ သူကသဘောကျနေလိုက်တာ...။ Jaejoong ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေမိတော့တယ်...။ စိတ်ရှိလက်ရှိသာဆို အဲဒီ့ Jung Yunho ရဲ့ ဆံပင်မွှေးတွေကို နောက်ကနေဆွဲနှုတ်ပစ်ချင်တာ...။
စိတ်ထိန်းစမ်း Kim Jaejoong....။"ဟာ ဒီနေ့ဈေးရောင်းပွဲတော်ရှိတာပဲ အစားအသောက်တွေနဲ့ ဧည့်ခံမှာတဲ့ ငါတို့သွားကြမလားဟင်..?"
"အစားသရဲ Minnie ကတော့ ဘယ်မှာအစားအသောက် ရှိမလဲပဲ စိတ်ဝင်စားနေတယ်"
Yunho စကားကြောင့် Changmin လဲတဟားဟားအော်ရီရင်း ဖက်လက်စသတင်းစာကို စားပွဲပေါ်ပစ်တင်လိုက်တယ်...။
"ဈေးရောင်းပွဲတော်မို့စိတ်ဝင်စားတာပါ ပြီးတော့အဲလိုလူတွေကြားထဲ ရုပ်ဖျက်ပြီးလျှောက်သွားရတာပျော်လို့လေ Jaejoong ငါတို့သွားကြမလား...??"
"အင်း သွားကြတာပေါ့ ငါလဲစိတ်ဝင်စားတယ်"
"အင်း ဒီညငါတို့ Schedule လဲ ရှိမှမရှိတာ Yunho ahh ဘယ်လိုလဲ သွားကြမလား ငါတို့သုံးယောက်"