Episode 17

1.9K 174 18
                                        

(Zawgyi)

Junsu ခြံတခါးကိုဘဲလ်တီးဖို့အရေး ချိတုံချတုံဖြစ်နေတယ်.. အိမ်ထဲက သူ့မိဘတွေထွက်လာလို့ သူ့ကိုတွေ့ရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ကြောက်နေပုံရတယ်... Yuchun ကတော့ အိမ်ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေတယ်...

Junsu တို့အိမ်လေးက တောင်ကုန်းအမြင့်လေးပေါ် ဆောက်ထားတဲ့အတွက် နေချင်စရာလေးပါ... လှေကားထစ်လေးတွေကိုတက်လာပြီးမှ ခြံဝန်းလေးဆီကို ရောက်တာလေ.. ခြံလေးကလဲ မကျဉ်းလွန်းမကျယ်လွန်းဖြစ်ပြီး ပန်းပင်တချို့ကိုလှပစီရီစွာ စိုက်ထားသလို အဖြူရောင်ဒန်းလေးတခုကလဲ ရှိနေသေးတယ်...

"Suuie ahh နှိပ်စရာရှိတာမြန်မြန်မနှိပ်ဘူး"

အနောက်ကနေ Changmin ရဲ့လောဆော်သံကြောင့် Junsu ခေါင်းလေးငဲ့စောင်းကြည့်မိတယ်.. ဒါပေမယ့်အရင်ကလို မျက်စောင်းထိုးကြည့်တာမျိုးတော့မဟုတ်.. သူကြောက်နေတာကို နားလည်ပေးဖို့ တောင်းပန်တိုးလျိုးတဲ့အကြည့်မျိုး...

"ဖယ် ငါနှိပ်ပေးမယ်"

ပြောပြောဆိုဆိုနဲ့ စိတ်မြန်လက်မြန်ရှိလှတဲ့ Changmin တခါတည်း ဘဲလ်ကိုနှိပ်ချပစ်လိုက်တယ်... Junsu ကတော့ ရုတ်တရတ်မို့အထိတ်တလန့်နဲ့ Changmin ကို ပြူးကြောင်ကြည့်နေတယ်...

"အိမ်ရှေ့က ဘယ်သူလဲမသိဘူး"

အိမ်ထဲကနေအသံတချို့ကြားတော့ Changmin နဲ့ Yuchun သူတို့ရဲ့ကိုယ်နေဟန်ထားကို အဆင်ပြေအောင်ပြင်လိုက်ကြတယ်... ထိုစဉ် Yuchun နောက်ကျောသို့ လှစ်ခနဲဝင်ပုန်းတဲ့ Junsu ကြောင့် Yuchun တအံ့တဩဖြစ်သွားရတယ်..

"ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"

အိမ်ထဲကနေ Junsu နဲ့ရုပ်ချင်းခပ်ဆင်ဆင်တူတဲ့ အမျိုးသမီးကြီးတဦးက ထွက်လာပြီးမေးတယ်... ကြည့်ရတာ Junsu ရဲ့အမေ ဖြစ်ဟန်တူပါတယ်... Junsu က Yuchun နောက်ကျောမှာကွယ်နေတော့ သူစိမ်းတွေဖြစ်တဲ့ Changmin နဲ့ Yuchun ကို မေးခွန်းထုတ်နေပြီလေ...

"သူ..... ဟင် ဘယ်ရောက်သွားလဲ...??"

Changmin က Junsu ကို လက်ညှိုးထိုးပြချင်ပေမယ့် Junsu က ပျောက်နေတော့ သေချာကြည့်လိုက်တော့မှ Yuchun နောက်ကျောမှာရောက်နေတာ တွေ့ရသဖြင့် အသာလေးလက်မောင်းကိုဆွဲကာ အရှေ့သို့ခေါ်ထုတ်လိုက်တယ်...

CIRCLE [Completed]Où les histoires vivent. Découvrez maintenant