(Zawgyi)
"Jaejoongie ငါတို့ဒီညအပြင်မှာ မုန့်ထွက်ဝယ်စားကြမလား..?? ငါနေ့လည်က ခွင့်တောင်းပြီးပြီ"
"ငါမလိုက်ချင်ဘူး ပင်ပန်းနေပြီ"
အားတက်သရောပြောနေတဲ့ Changmin ကို Jaejoong က ခပ်အေးအေးပင်ငြင်းလိုက်တော့ Changmin အံ့ဩသွားတယ်.... အရင်ကဆို ဘယ်လောက်ပင်ပန်းနေပါစေ Changmin ပြောလိုက်တာနဲ့ လိုက်လျောတတ်တဲ့သူက အခုဘယ်လိုဖြစ်ရတာလဲ...
"Waeyo....?? ငါကမင်းလိုက်မှာသေချာတယ်ဆိုပြီး ၂ယောက်စာပြောထားတာ ပြီးတော့ ဒီမှာကြည့် ငါရုပ်ရှင်လက်မှတ်ပါ ၀ယ်ထားတာကို"
Changmin က သူ့အိတ်ထဲက လက်မှတ်၂စောင်ကို ထုတ်ပြတယ်... အမှန်က Jaejoong ကို Surprise ဖြစ်သွားအောင်လို့ မပြောပဲနေပြီး ပြီးတော့မှဆွဲခေါ်သွားမလို့ပါ....
"ငါမှစိတ်မပါတာ အရင်ကမင်းကိုအားနာလို့သာ လိုက်လျောနေတာ ငါအခုတကယ်ပင်ပန်းနေပြီ"
Changmin က Jaejoong ကိုကြည့်ပြီး နှုတ်ခမ်းဆူကာ စိတ်ကောက်သလိုလုပ်နေသော်လဲ Jaejoong က မတုန်မလှုပ်ပင် မမြင်ချင်ယောင်ဆောင်နေလိုက်သေးတယ်....
"မင်းတကယ်မလိုက်ဘူးပေါ့ ဟုတ်လား...??"
"အင်း သေချာတယ်"
Changmin လဲ သေချာသွားပြီဆိုတော့ ဆက်ပြောမနေတော့ပဲ ချာခနဲလှည့်ထွက်သွားကာ ဖုန်းထုတ်ပြီးနံပါတ်တခုကို နှိပ်လိုက်တယ်...
"Hyung ဒီနေ့အားလား Minnie နဲ့ ရုပ်ရှပ်အတူတူသွားကြည့်မလား...??"
Jaejoong ကတော့ ထွက်သွားပြီဖြစ်တဲ့ Changmin ရဲ့ကျောပြင်ကို ငေးကြည့်နေလေတယ်.... ရင်ထဲမှာနာကျင်မိသော်လဲ တခါတလေလောက်တော့ Yunho ပြောသလိုမျိုး ကိုယ့်တန်ဖိုးကိုသိအောင် ပစ်ထားရမယ်မဟုတ်လား....??
"မင်းက ငါထင်တာထက်တောင် စိတ်မာသားပဲ Junsu တောင်မှ မင်းလိုမလုပ်နိုင်လောက်ဘူး ငါခေါ်ရင်သူမနေနိုင်ပါဘူး"
အနောက်မှာရပ်နေတဲ့ Yunho က Jaejoong ကိုချီးကျူးစကား လာပြောနေတယ်... အမှန်တော့ Jaejoong စိတ်ပျော့တာ ကိုယ့်ကိုကိုယ်ပဲသိတယ်.... အခုလဲ Yunho က အားပေးသလိုပြောတော့ စိတ်ထဲပိုပြီးဝမ်းနည်းလာတယ်...