Episode 14

1.7K 183 27
                                    

(Zawgyi)

"သတင်းစာရှင်းလင်းပွဲဟုတ်လား...??"

Jaejoong ရဲ့တအံ့တဩရေရွတ်လိုက်တဲ့စကားကို Yuchun က ခေါင်းညိတ်ပြလိုက်တော့ မနီးမဝေးမှာထိုင်နေတဲ့ Changmin ကပါ မကျေမနပ်နဲ့မျက်မှောင်ကြုံ့ပြီးကြည့်လိုက်တယ်..

"မင်းတို့နှစ်ယောက်က အမြဲတတွဲတွဲနေနေတော့ ပရိသတ်တွေက တွဲနေပြီလို့ထင်နေကြတာလေ အဲဒီ့တော့သူတို့တွေကို ပြန်ရှင်းပြရမှာပေါ့ တကယ်ဟုတ်မဟုတ်ဆိုတာ"

Jaejoong အကြပ်ရိုက်နေပြီ... Changmin က အဲလိုမျိုးလူသိမယ့်ကိစ္စဆို ရှောင်ချင်တယ်လေ..  အခုလဲ သူဘယ်လိုမှသဘောတူမယ်မထင်... Jaejoong အတွက်ကတော့ ကိစ္စမရှိပါ... Chanhmin နဲ့တွဲနေတာလူသိမှာကို ကြောက်ရွံ့စိတ်တခါမှ မဖြစ်ခဲ့ဖူးဘူး... ဒါပေမယ့် Changmin ကတော့....

"ဘယ်တော့လုပ်ကြမှာလဲ စီစဉ်လိုက်လေ"

Changmin ရုတ်တရတ်ဝင်ပြောတော့ Jaejoong တအံ့တဩနဲ့ လှည့်ကြည့်လိုက်မိတယ်... Changmin ကတော့ ပကတိတည်ငြိမ်နေတယ်... Jaejoong သတိထားမိသလောက် Changmin ခုတလောသူ့ရဲ့ ကလေးဆန်တဲ့အမူအရာလေးတွေ ပျောက်ဆုံးနေတာကိုပဲ...

"ဒါဆိုလဲ Hyung မနက်ဖြန်မနက် ၁၀နာရီလောက် စီစဉ်လိုက်မယ် အဆင်ပြေလား...??"

Jaejoong ဘာမှပြန်မပြောရသေးခင်ပဲ Changmin က ခေါင်းတွေစွတ်ညိတ်ပြနေတယ်... သူ့ပုံစံက မြန်မြန်ပြီး ပြီးရောဆိုတဲ့သဘောမျိုး ပိုသက်ရောက်နေသလိုပင်...

Yuchun ပြန်သွားတော့မှပဲ Jaejoong က Changmin နားသို့ တိုးကပ်လာကာ သူသိချင်တာကိုမေးမိတယ်...

"Minnie ahh ဘာလို့လက်ခံလိုက်တာလဲ ငါတို့ဟိုရောက်ရင် ဘာပြောမှာလဲ....??"

"ရှောင်လွှဲနေလို့မှမရတာ Joongie ရယ် တချိန်ချိန်ကျရင် ဒါတွေကဖြေရှင်းရမှာပဲ ကိုယ်တို့က Idol တွေဖြစ်နေတော့ သူတို့အနေနဲ့ ကိုယ်တို့ဘာလုပ်လုပ် စိတ်ဝင်စားနေမှာပေါ့"

Jaejoong ထင်တာက Changmin စိတ်ဆိုးမယ်လို့လေ... အခုကျတော့လဲ အဆင်ပြေနေတာပဲ... ဒါပေမယ့်သူတို့ဟိုမှာ ဘယ်လိုတွေဖြေရမလဲဆိုတာကတော့ ကြိုတိုင်ပင်ထားရမှာပေါ့...

"ငါတို့ဘယ်လိုပြောကြမှာလဲဟင်  Minnie...??"

Jaejoonhg မျှော်လင့်ချက်အနည်းငယ်ကြောင့် မျက်ဝန်းလေးတွေ အရောင်တလက်လက်တောက်ပနေလေတယ်... ဒါပေမယ့် Changmin ကတော့ Jaejoong ဘက်ကို လှည့်တောင်မကြည့်ခဲ့..

CIRCLE [Completed]Where stories live. Discover now