Episode 15

1.8K 170 22
                                    

(Zawgyi)

သီးသန့်အ၀တ်လဲခန်းထဲမှာ ထိုင်ဆွေးနွေးနေကြတဲ့ ကောင်လေးနှစ်ယောက်... တယောက်ရဲ့မျက်နှာက ပကတိတည်ငြိမ်နေပြီး နောက်တယောက်ကတော့ မျက်ရည်တွေနဲ့မြင်မကောင်း...

"Minnie ahh ငါ့ကဘာဆက်လုပ်ရမှာလဲ ပြောစမ်းပါ ဟမ်"

Jaejoong အားမလိုအားမရနဲ့ Changmin ရဲ့ လက်မောင်း၂ဖက်ကို ဆုပ်ကိုင်ကာပြောနေတယ်... Changmin ကတော့ သူနဲ့ပင်မဆိုင်သလို သူ့ကိုမပြောသလိုနဲ့ ခပ်အေးအေးပင်...

"ငါ့ကိုသေသွားတာ မြင်ချင်လို့လား Minnie...??"

Jaejoong အရမ်းခံစားနေရတာ ခံစားလာမိတော့ Changmin လဲ ငြိမ်မနေနိုင်တော့... ကြာရင်ငိုနေရင်းနဲ့ Jaejoong တခုခုဖြစ်သွားနိုင်တယ်လေ...

"မင်း ဘာဖြစ်ချင်တာလဲ Joongie ငါ့ကိုပြော"

"ငါဖြစ်ချင်တာ....?? ငါဘာဖြစ်ချင်လဲ မင်းသိသင့်တယ်လေ ဒါမှမဟုတ် မသိသလို လုပ်နေတာလား...??"

Changmin သက်ပြင်းချလိုက်ရင်း Jaejoong ရဲ့ပါးလေးနှစ်ဖက်ကို ခပ်ဖွဖွကိုင်ကာ မျက်ရည်တွေကို သုတ်ပေးလိုက်တယ်... တအားငိုထားတော့ မျက်နှာလေးကိုရဲတွတ်နေတာပဲ.. အဲဒါကြောင့် ခုနကတုန်းက Changmin မျက်နှာလွှဲထားတာ... တကယ်မမြင်ရက်တာပါ Jaejoong ငိုနေတာကို....

"အခုသိသွားပြီမလား ငါကမင်းကိုအစားထိုးထားတယ်ဆိုတာ အဲဒီတော့ဆက်ဆုံးဖြတ်ရမယ့်သူက မင်းပဲလေ"

"Minnie ahh ငါ....ငါ မျှော်လင့်လို့ရသေးလား.....??"

အစားထိုးခံရတာသိရင် ဒေါသတကြီးပေါက်ကွဲရမယ့်အစား ခုလိုမေးလိုက်တာက Changmin ရင်ထဲမှာ နင့်ခနဲဖြစ်အောင် ခံစားစေတယ်... စိတ်ကိုမထိန်းချုပ်နိုင်ခင်မှာပင် Jaejoong ကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်တယ်..

"Miyahae ငါ အရမ်းမှားသွားတယ် မင်းငါ့အပေါ်ဒီလောက်ကောင်းတာကို ငါကတော့ မင်းကိုရက်စက်မိနေတယ်"

ချော့ကာမှပိုငိုချင်တယ်ဆိုသလို Jaejoong ကိုယ်လေးက  Changmin ခပ်တင်းတင်းဖက်ထားတဲ့ကြားက တသိမ့်သိမ့်တုန်တဲ့ထိ ဖြစ်နေတယ်... နဂိုတည်းကစိတ်ပျော့တဲ့ Changmin လဲ တင်းမထားနိုင်ပဲ မျက်ရည်တွေအလိုလိုကျလာမိတယ်...

CIRCLE [Completed]Onde histórias criam vida. Descubra agora