Episode 13

1.8K 169 28
                                    

(Zawgyi)

Studio ထဲကို Yuchun ရောက်တော့ မနက်9နာရီခွဲလုလုဖြစ်နေပြီ.. မနေ့က Junsu နဲ့လျှောက်လည်ကြရင်း အပျော်တွေလွန်နေတာ မနက်အိပ်ယာထနောက်ကျတော့ အလုပ်ဝင်တာပါ နောက်ကျပြီလေ..

Junsu ကတော့ ဒီနေ့အတွက် Schedule မရှိတာကြောင့် ခုထိတောင်အိပ်ယာက နိုးသေးပုံမပေါ်... သူနိုးလာလို့ Yuchun ပို့ထားတဲ့ Message ကိုမြင်ရင် သေချာပေါက် Reply လုပ်မှာပါ.. အရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေး... အခုထိချစ်သူတွေလို့ တိတိကျကျပြောလို့မရသေးပေမယ့် အခြေအနေကတော့ တော်တော်လေးကောင်းနေတာပဲ..

အတွေးလေးနဲ့တင် ကြည်နူးနေတဲ့ Yuchun... Studio ထဲလဲ ၀င်လိုက်ရော ဓာတ်ပုံရိုက်ကူးနေရင်း အ၀တ်လဲဖို့ခဏနားနေတဲ့ Ricky ရဲ့မျက်စောင်းက ဒိုင်းခနဲကိုရောက်လာရော...

"မန်နေဂျာတယောက်လုံးဖြစ်ပြီး ဘာလို့နောက်ကျနေတာလဲ"

သူကပဲပြောရသေး.. Yuchun မန်နေဂျာလုပ်လာတာကြာပြီ.. Yunho လို တိကျပြတ်သားလွန်းတဲ့သူကတောင် Yuchun ကိုဆို ရိုရိုသေသေပင် ဆက်ဆံတာ.. အခု Ricky နဲ့ကျမှပဲ နည်းနည်းတောင်အမှားမခံ..  Yuchun ကလဲ ဒင်းလောက်ကို စိတ်ကူးထဲတောင်မထည့်..

"ဘယ်သူကမင်းရဲ့မန်နေဂျာ ဖြစ်ချင်လို့လဲ မင်းဘာသာငါ့ကို အတင်းအကြပ် မန်နေဂျာအဖြစ် ဆွဲခန့်ထားတာမဟုတ်ဘူးလား"

Yuchun ချက်ကျလက်ကျ ပြန်ပြောလိုက်ရင်း ခုံတခုံမှာစွေ့ခနဲဝင်ထိုင်ကာ အသင့်တွေ့တဲ့အအေးဘူးကို ဖောက်သောက်လိုက်တော့ Ricky မနေနိုင်တော့ပဲ ချက်ချင်းပင်မျက်နှာချိုလာသွေးတော့တယ်...

"Hyung ကလဲ စိတ်ကြီးပဲ ကိုယ့်ညီလေးက စတာကို"

"အဲဒါကြောင့်မင်းရဲ့မန်နေဂျာမလုပ်ချင်တာ ခုတမျိုးတော်ကြာတမျိုး"

"Hyung......!!!!!!"

Ricky မကျေမနပ်နဲ့အော်လိုက်တဲ့အသံကို Yuchun မကြားသလိုလုပ်နေရင်း လက်ထဲမှာကိုင်ထားတဲ့ဖုန်းက မြည်လာ၍ Caller ကိုလှမ်းကြည့်လိုက်တော့ ချက်ချင်းပင် Yuchun ရဲ့မျက်နှာပြုံးသွားရတယ်..

"နိုးပြီလား Suuie...??"

"Nae Hyung ကအလုပ်ထဲရောက်နေပြီလား..??"

CIRCLE [Completed]Dove le storie prendono vita. Scoprilo ora