Episode 19

1.9K 172 36
                                    

(Zawgyi)

ဒီနေ့လဲ Jaejoong အရမ်းမုန်းတဲ့ Photo shooting ကြီး ရှိနေတယ်... အရင်ကလို အစစအရာရာစီစဉ်ပေးတဲ့ Yuchun Hyung မရှိတော့ နည်းနည်းတော့ဒုက္ခရောက်တာပေါ့... ပိုဆိုးတာကအခုက Yunho နဲ့အတူတူ couple ဓာတ်ပုံတွေရိုက်ရမှာလေ...

မနေ့ကလဲအချိုရည်ကြော်ငြာဆိုပြီး ရိုက်ခဲ့ရသေးတယ်... အဲဒါကတော့သိပ်မထူးဆန်းပါဘူး... ကျောင်းသားနှစ်ယောက်ပုံစံ သရုပ်ဆောင်ရတော့ အခက်အခဲသိပ်မရှိ... ဒီနေ့ဓာတ်ပုံရိုက်တာက ဘာ Post တွေ လာဦးမလဲမသိ...

"Jaejoong အဆင်ပြေရဲ့လား....??"

Yunho ကတော့ မနက်တည်းကရွှင်ရွှင်ပျပျသိပ်မရှိတဲ့ Jaejoong ကိုအားပေးသလိုလိုနဲ့ ပခုံးကိုလာဖက်လိုက်တယ်.. Jaejoong လဲ ခေါင်းပဲညိတ်ပြလိုက်တာပေါ့.. Yunho ရှိနေတာသိပ်ပြီးတော့ စိုးရိမ်စရာတော့မရှိပါဘူးလေ....

Ent. ထဲကိုဝင်တာနဲ့ ထုံးစံအတိုင်းများပြားလှတဲ့ လူအုပ်ကြီးကို ဖြတ်ကျော်လာရတယ်... လုံခြုံရေးတွေကြောင့်အရင်လို တိုးဝှေ့မနေရတော့ပေမယ့် ဘေးကနေအော်ဟစ်အားပေးရင်း ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်ကြတာကိုတော့ Jaejoong ကျင့်သားမရသေးပါ...

"ရောက်လာကြပြီလား Studio 5 ထဲ သွားလိုက်ကြနော်"

အပေါက်ဝမှာရပ်နေတဲ့ တာဝန်ရှိသူတယောက်က လမ်းညွှန်ပေးလိုက်လို့ Yunho နဲ့ Jaejoong လဲ သူပြောတဲ့ Studio 5 ကို သွားလိုက်ကြတယ်... Jaejoong ကတော့ စိတ်လှုပ်ရှားနေတော့ သူ့လက်တွေကိုသူ အချင်းချင်းပွတ်သပ်နေတယ်....

"ဒီမှာမင်းတို့ဝတ်ဖို့အ၀တ်အစားတွေ"

အ၀တ်အစားကအစ စီစဉ်ပေးတယ်ဆိုတော့ Jaejoong သဘောကျသွားတယ်... သူထင်တာက အ၀တ်လဲခန်းကနေ ကိုယ့်ဘာသာအဆင်ပြေတာ ယူဝတ်ရမှာလို့လေ... အခုတော့သူတို့က အကုန်အဆင်သင့်စီစဉ်ပေးသားပဲ... Yunho ကလဲ သူဝတ်ရမယ့်အ၀တ်အစားကို သေချာအကဲခတ်နေတယ်...

"Jaejoong ငါတို့နှစ်ယောက်ကဆင်တူပဲ"

သူပြောမှ Jaejoong လဲ သတိထားမိသွားတော့တယ်... ဟုတ်သားပဲ Couple ဆိုမှတော့ ဆင်တူတွေဝတ်ရတော့မှာပေါ့... အရင်ကတော့ ၃ယောက်ဆင်တူတွေဝတ်နေကျက မထူးဆန်းတော့ပေမယ့် အခုနှစ်ယောက်တည်းအပြင် Couple တွေလို့ လူတိုင်းသိထားကြတော့ Jaejoong စိတ်ထဲတမျိုးကြီးဖြစ်နေမိတယ်....

CIRCLE [Completed]Hikayelerin yaşadığı yer. Şimdi keşfedin