Episode 8

1.7K 160 5
                                        

(Zawgyi)

ကစားကွင်းထဲမှာ ရေခဲမုန့်ကိုလက်ကကိုင်ရင်း မျက်လုံးကလဲဟိုဒီရှာဖွေကာ ဖုန်းပြောနေတဲ့လူတယောက်....။  ထိုသူကား တခြားတော့မဟုတ်.... Tohoshinki နဲ့ Xiah တို့ရဲ့ မန်နေဂျာကြီး Park Yuchun ပါပဲ....။

"အင်းပါ Minnie ရယ် Hyung သိပ်မကြာတော့ပါဘူး ပြန်လာမှာပါ"

"Hyung က Minnie ကိုဖုန်းလဲမဆက်ဘူး ခုတောင် Minnie ဘက်ကစဆက်ရတာကို"

တဖက်က Changmin ရစ်နေတာမပြီးတော့....။ Yuchun မှာက လွတ်လွတ်လပ်လပ် ဖုန်းပြောခွင့်တောင်မရ.... ဖုန်းပြန်ဖြေရင်းနဲ့ပဲ မျက်စိလျင်လျင်ထားရင်း Junsu ကိုရှာနေရတယ်.....။ ရေခဲမုန့်စားချင်တယ်ဆိုလို့ သွားဝယ်ပေးပြီးပြန်လာတော့ ကိုယ်တော်က ထားခဲ့တဲ့နေရာမှာမရှိတော့....။ ရေခဲမုန့်ဝယ်ဖို့ တန်းစီကတည်းက Changmin နဲ့ဖုန်းပြောနေရတာကလဲ ခုထိမပြီးသေး....။

"Hyung စကားပြန်ပြောတာကလဲ စိတ်မပါလက်မပါနဲ့"

"Miyahae Minnie ahh..!! Junsu ပျောက်နေလို့ လိုက်ရှာနေရတာ"

"အဲဒီ့ဖင်ကောက်က ဘယ်တွေလျှောက်သွားနေတာလဲ Hyung ကို ဒုက္ခပေးပြန်ပြီ မှတ်လောက်သားလောက်ဖြစ်အောင် ပစ်ထားလိုက်ပါလား Hyung ရယ်"

"ဟမ် မဖြစ်ဘူးလေ ကိုယ်တို့ရောက်နေတာက တခြားနိုင်ငံလေ ပြီးတော့သူက Idol တယောက်"

"Hyung ကလေ ဘာမှန်းလဲကိုမသိဘူး Junsu ကိုဆို အမြဲတမ်း Minnie တို့ထက်ပိုတယ် အရမ်းသ၀န်တိုတာပဲ"

Changmin စိတ်ကောက်နေတာသိပေမယ့် Yuchun မချော့နိုင်အား....။ သူ့မျက်စိရှေ့မှာရိပ်ခနဲ တွေ့လိုက်ရတဲ့ Junsu ကို ပြေးဖမ်းဖို့ပြင်လိုက်တယ်....။

"Minnie Miyahae... Hyung ဖုန်းချလိုက်တော့မယ် ညကျမှပြန်ခေါ်မယ်"

တဖက်က Changmin ဘာမှပြန်မပြောခင်မှာပဲ Yuchun ဖုန်းချလိုက်ပြီး Junsu နောက်ကိုပြေးလိုက်ရတော့တယ်....။ ခေါင်းစွပ်အင်္ကျီကို ခေါင်းလုံအောင်ဝတ်ထားပြီး မျက်မှန်အနက်အကြီးကြီးနဲ့ Junsu ကို Idol တယောက်ဆိုတာ ဘယ်သူမှမသိနိုင်သော်လဲ Yuchun က သူကိုယ်တိုင်ဆင်ပေးထားတဲ့ ဒီဇိုင်းနဲ့ Junsu ကို တန်းမှတ်မိတယ်လေ....။

Junsu ကို ပုခုံးတဖက်မှ ဆွဲကိုင်ကာလှည့်လိုက်ပြီး တခုခုပြောဖို့ပြင်နေတဲ့ Yuchun ကို ဖုန်းပြောနေတဲ့ Junsu က နှုတ်ခမ်းချွန်ချွန်လေးပေါ် လက်ညှိုးတချောင်းတင်လိုက်ပြီး တိတ်တိတ်နေရန်အချက်ပြနေတယ်...။

CIRCLE [Completed]Tempat cerita menjadi hidup. Temukan sekarang