Episode 18

1.9K 181 13
                                        

(Zawgyi)

"Yunho Ent. ကိုလာရင် Jaejoong နဲ့လက်တွဲပြီးလာခဲ့ မင်းတို့ကိုစောင့်ကြည့်နေတဲ့သူတွေ ရှိနေနိုင်တယ်"

မနက်ကလေးတင်ဖုန်းဆက်မှာကြားတဲ့ ဥက္ကဌကြောင့် Yunho လဲ Jaejoong ကို ကြိုပြောထားရတယ်... Jaejoong ကလဲ အခြေအနေကိုနားလည်ထားတော့ သဘောတူလိုက်တယ်လေ...

"Yunho မင်း ညက Minnie ကို ပြောပြီးသွားပြီလား...??"

ခုထိစိုးရိမ်နေဆဲ Jaejoong ကို Yunho ပြုံးပြီးပဲခေါင်းညိတ်ပြလိုက်တယ်... မနေ့က Changmin ကို တောက်လျှောက်ဖုန်းခေါ်သော်လဲ မကိုင်ပဲနဲ့ ညရောက်တော့မှ Changmin ကိုယ်တိုင် ဖုန်းပြန်ခေါ်လာတယ်လေ... ပြီးတော့ Yunho သိပ်ရှင်းပြစရာတောင်မလိုပဲ Changmin က နားလည်လက်ခံပေးခဲ့တယ်...

"ငါလဲသူ့ဆီကိုဖုန်းဆက်ချင်နေတာ သူစိတ်ဆိုးမှာစိုးလို့ ပြီးတော့သူ့ကို အပန်းဖြေခရီးထွက်တာ စိတ်အနှောက်အယှက် မပေးချင်ဘူးလေ"

"အားလုံးအဆင်ပြေသွားမှာပါ မပူနဲ့ Minnie က ငါတို့ခုလိုလုပ်ရတာကို နားလည်ပါတယ်"

Jaejoong မျက်နှာလေးသိပ်မကောင်းပေမယ့် ခေါင်းတော့ညိတ်လိုက်သေးတယ်.... Yunho ကတော့ မတတ်သာလို့လုပ်လိုက်ရတဲ့ အခြေအနေဆိုပေမယ့် Jaejoong နဲ့ ချစ်သူတွေအဖြစ် သရုပ်တောင်ရဖို့အတွက် စိတ်လှုပ်ရှားနေမိတယ်...

Ent. ရှေ့ကို သူတို့ကားထိုးရပ်လိုက်တာနဲ့ ပရိသတ်တွေက ကားဘေးနားချက်ချင်းကို ဝိုင်းလာကြတယ်... အရင်ကလဲအဲလိုတွေရှိပေမယ့် အခုလောက်မများချေ... အခုကျမှ သူတို့နှစ်ယောက်က လောလောလတ်လတ် Dating confirm ထားတာကြောင့် ပိုပြီးလူစိတ်ဝင်စားလာကြတာ ထင်ပါရဲ့...

"Yunjae...!!! Yunjae....!!!"

အပြင်ကပရိသတ်တွေက ပါးစပ်ကလဲအော်ဟစ်ရင်း သူတို့နာမည်ပါတဲ့ Banner တွေကို ကိုင်ထားကြသေးတယ်... Yunho ကတော့ Jaejoong ကို လူတိုးမိမှာစိုးရိမ်တာကြောင့်ရော ချစ်သူတွေအဖြစ် ပီပြင်အောင်နေရမယ်ဆိုတာကြောင့်ရော Jaejoong ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲဖက်ထားရင်း ကာကွယ်ပေးထားလိုက်တယ်...

"Wow သူတို့ကတကယ်ပဲ ချစ်သူတွေ"

"So Romantic"

Jaejoong ကတော့ ကြောက်နေတာရော ရှက်နေတာရောကြောင့် မျက်နှာလေးကိုမမော့ရဲပဲ Yunho ဖက်ထားတဲ့အတိုင်း လူကြားထဲတရွေ့ရွေ့တိုးထွက်ဖို့ ကြိုးစားနေတယ်...

CIRCLE [Completed]Dove le storie prendono vita. Scoprilo ora