(Zawgyi)
"Wow အခုမှပဲ သဘာဝလေကိုရှူရတော့တယ်"
လမ်းမှာကားခဏရပ်ခိုင်းပြီး အပြင်ကိုထွက် လက်နှစ်ဖက်ဆန့်တန်းကာ ၀မ်းသာအားရအော်နေတဲ့ Junsu.. Yuchun နဲ့ Changmin လဲ မနေသာတော့ပဲ ကားထဲကနေ ထွက်လာရတော့တယ်... တကယ်တမ်းအပြင်ရောက်တော့လဲ သူတို့စိတ်တွေလန်းဆန်းသွားကြတယ်...
"Suuie ကိုယ်တို့လမ်းမှာနားမှရမယ်ထင်တယ်နော်"
Yuchun ပြောတော့ Junsu ကလဲ ခေါင်းကိုဆတ်ခါဆတ်ခါညိတ်ပြတယ်... သူကဒီလမ်းကြောတွေ ကျွမ်းကျင်ပြီးသားလေ...
"ဟုတ်တယ် တောက်လျှောက်မောင်းရင်တော့ မနက်၂နာရီကျော်လောက်မှ ရောက်မှာလေ လူကြီးတွေကိုဒုက္ခမပေးချင်ဘူး.. ဒီကနေ နာရီဝက်လောက်မောင်းရင် မြို့လေးတမြို့ရှိတယ် အဲဒီ့မှာပဲတည်းခိုခန်းရှာပြီး တည်းကြတာပေါ့"
Yuchun လဲ Junsu ရဲ့အစီအစဉ်ကို သဘောတူလိုက်တယ်... နောက်နာရီဝက်ဆို နားမယ့်နေရာရောက်မယ့်အတူတူ Junsu ရဲ့သဘောအတိုင်း ခဏနားပြီး လေကောင်းလေသန့်ရှူခိုင်းလိုက်တယ်... Changmin ကတော့ လောလောဆယ်မှာ ဖုန်းတလုံးနဲ့အလုပ်ရှုပ်နေဆဲ...
"စိတ်မဆိုးပါနဲ့ကွာ ငါကမင်းအိပ်နေလို့ မပြောသွားတာပါ Yunho က အစောကြီးနိုးပြီး အပြင်မှာထိုင်နေတာကိုး"
"ဒါဆိုသူမနိုးဘူးဆိုရင် သူ့ကိုလဲမပြောပဲထွက်သွားမှာလား...??"
Jaejoong တခါတလေအရမ်းရစ်ပါတယ်.... ဒါကလဲချစ်သူမို့လို့ ဆိုးနွဲ့ချင်တာဆိုပေမယ့် Changmin က သူသာသူများအပေါ်ဆိုးချင်တာ သူ့ကိုလာဆိုးရင်တော့ သိပ်လက်မခံချင်...
"Joongie မရစ်နဲ့ကွာ ငါခရီးသွားတာ စိတ်အေးလက်အေး သွားချင်တယ် နောက်ရက်တွေလဲ ဖုန်းထပ်မဆက်နဲ့"
Changmin ပြောပြီးတာနဲ့ ဖုန်းကိုပိတ်ပစ်လိုက်တယ်... တဖက်က Jaejoong စိတ်ဆိုးနေတော့မှာ သိနေပေမယ့်လဲ သူမှနားပူတာမခံနိုင်တာ... Jaejoong က လူလေးက ချစ်စရာကောင်းသလောက် အင်မတန်မှပစိပစပ်များတတ်တာ Changmin တကယ်မကြိုက်ပါ...
"Minnie ဘာဖြစ်နေတာလဲကွ"
သူ့ပခုံးကိုလာပုတ်ကာမေးတဲ့ Yuchun ကြောင့် Changmin စူပုတ်နေတဲ့မျက်နှာကို ဟန်ဆောင်ပြုံးလိုက်ရတယ်... Junsu ဆီကိုလှမ်းကြည့်လိုက်တော့ ကားစက်ဖုံးပေါ်မှာတက်ထိုင်ကာ လက်နောက်ပြန်ထောက်ရင်း သဘာဝရဲ့လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း မျက်လုံးအစုံကိုပါမှေးမှိတ်ထားတယ်...
