I

7K 188 20
                                    

*Scroll down for Zawgyi*
『 Unicode 』

သာယာလှပသောနေ့ တစ်နေ့လေးတွင် တစ်ယောက်သူအတွက်တော့မသာယာ မလှပနိုင်ပေ ...

မျက်နှာပေါ်မှာအလိုမကျဒေါသအရိပ်တွေဖြင့် ... အိမ်ကနေဝုန်းဒိုင်းကြဲထွက်လာကာ ပြိုင်ကားလေးပေါ်တက်၍အရှိန်အဟုန်ပြင်းစွာ ... အိမ်နဲ့ဆန့်ကျင်ဘက်အရပ်သို့ မောင်းထွက်သွားလေ၏

"Ming မင်းဘယ်မှာလဲ မင်းရှိတဲ့ဆီလာခဲ့မလို့"

".........."

"အဲ့မှာလား? ငါလိပ်စာမသိဘူး ပြောပြ ရောက်ဖူးသွားတာပေါ့"

"............"

"Ok ငါလာနေပြီ ခနစောင့် see u" ဆိုပြီးဖုန်းချလိုက်တာ လီဗာကိုပိုအရှိန်တင်၍ Mingနဲ့ချိန်းထားတဲ့နေရာဆီသို့ မောင်းထွက်သွားလေရဲ့

~~~~~~~~~~~~~~~~~

"Aww~ Ai Yoရောက်လာပြီလာ ထိုင် ဒီမှာ"

Yoထိုင်ကာသက်ပြင်းတစ်ချက်ချလိုက်သောကြောင့် Yoကိုကြည့်နေသည့် Mingက

"Ai Yoဘာဖြစ်လာတာလဲ မျက်မှောင်ကြီးကိုကျုံ့လို့"

"အိမ်နဲ့စကားများလာတာ ... အဲ့ကြောင့် စိတ်ပြေလက်ပျောက်မင်းဆီရောက်လာတာ ... ဒါနဲ့ မင်းဖွင့်ထားတဲ့ Tennis club ကိုခုမှပဲရောက်ဖူးတော့တယ် မဆိုးပါဘူး အကျယ်ကြီးပဲနော်"

ဆိုပြီး ခေါင်းကို360ဒီဂရီလှည့်ကာလျှောက်ကြည့်နေမိသည်

ခုသူတို့ထိုင်နေတာက officeခန်းထဲမှာ မှန်အမည်းကပ်ထားလို့ အပြင်ကနေအထဲထဲကိုမမြင်ရဘူး အထဲထဲကနေသာ အပြင်ကိုရှင်းရှင်းလင်းလင်းအကုန်မြင်ရတယ် ...

MingကTennisရိုက်တာဝါသနာပါတော့ Tennisလေ့ကျင့်ကွင်းလေးဖွင့်ထားတာ ကြာတော့ကြာပြီ ... Wayo ကိုအလည်လာဖို့ခနခနခေါ်ပေမဲ့ ကိုယ်တော်ကခုမှရောက်လာဖူးခြင်း

Yoရုံးခန်းထဲနေ အပြင်ဘက်ကအပြင်အဆင်တွေကိုလျှောက်ကြည့်နေရင်း ... ရုတ်တရက် Car parkingနေရာအရောက် အကြည့်တွေကို ရပ်တန့်ပစ်လိုက်သည် ... Wayoအကြည့်တွေကိုဖမ်းစားလိုက်သူကတော့

ကားပေါ်ကနေဆင်းလာတဲ့လူတစ်ယောက် ... စစခြင်းမြင်ရတာ ဆံပင်မီးခိုးရောင်ထိုးထိုးထောင်ထောင်လေးတွေ ...

Love Quizzed GameWhere stories live. Discover now