IV

1.6K 161 13
                                    

*Scroll down for Zawgyi*
『 Unicode 』

ဒီနေ့ရာသီဥတုကိုပြောရမယ်ဆိုရင် ... နေသာပြီးပူအိုက်တာလည်းမဟုတ် မိုးတိမ်တွေထူထပ်ပြီးအုံ့မိုင်းနေတာလည်းမဟုတ် ... နည်းနည်းလေးစိမ့်နေပြီး နေလို့တော့ကောင်းသည်

Wayoတစ်ယောက်ထုံးစံအတိုင်း ပြင်ဆင်ပြီး သူ့ရင်ခုန်သံရှိရာဆီ သွားဖို့ အိမ်အပေါ်ထပ်ကနေအပြုံးတွေဖြင့် ဆင်းလာသည် ... သူ့ချစ်ချစ်ကို တွေ့ရတော့မယ်ဆိုတော့ ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားက သူအလား

ဧည့်ခန်းကြီးထဲကနေ ဖြတ်သွားရတော့ ဧည့်ခန်းထဲတွင် သတင်းစာထိုင်ဖတ်နေတဲ့ သူ့Paကိုတွေ့လိုက်တယ်

"Pa နေ့လည်တောင် ရောက်နေပြီ companyမသွားဘူးလား?"

"Paပင်ပန်းလို့ ဒီနေ့တစ်ရက်မသွားတော့ဘဲ နားလိုက်တယ် သား~"

အဲ့တော့မှ Wayo စိုးရိမ်သွားပြီး သူ့ဖေဖေအနားအမြန်လျှောက်သွားလိုက်ကာ နဖူးနဲ့ ပါးပြင်ပေါ်ကို လက်ဖျံလေးဖြင့်ဟိုဟိုဒီဒီစမ်းကြည့်ရင်း

"Pa နေမကောင်းဘူးလား? ဘယ်နားနာနေလဲ? သား နှိပ်ပေးရမလားဟင်?"

ပြောပြောဆိုဆို သူ့Paရဲ့ နားထင်နှင့်ဂုတ် ပုခုံးတို့ကို နှိပ်ပေးနေလေရဲ့

"Haha... Paနေကောင်းပါတယ် သားရယ် ဘာမှမဖြစ်ပါဘူး"

"အဲ့ဆိုလည်း Paအညောင်းပြေအောင်တော့ သား နှိပ်ပေးမယ်နော်"

"အေးကွယ်~ Paရဲ့သားလေးက လိမ္မာပြီးအလိုက်သိတတ်လိုက်တာ ... ဘုန်းကြီးပါစေ သက်ရှည်ပါစေကွယ်"

Wayoလေးကတော့ ပီတိဖြစ်လျက်ဆက်နှိပ်ပေးနေတယ် ... သူ့Paကတော့ နှိပ်ပေးတာခံပြီးသတင်းစာကို စိတ်ချမ်းသာစွာဆက်ဖတ်နေလေရဲ့ ... ခဏနေတော့

"သားရေ နက်ဖြန်တစ်နေကုန်မိုးကြီးမယ်တဲ့ ဒီမှာကြည့်"

အဖေက သူ့သားဘက်ဆီ သတင်းစာကိုတိုး၍ပြနေတော့ Wayo နှိပ်ပေးနေရင်း ရှေ့ကသတင်းစာကိုကုန်း၍ဖတ်ကြည့်လိုက်သည်

"ဟုတ်တယ်နော် Pa"

"နက်ဖြန်တော့ ဖြစ်နိုင်ရင် သားအပြင်မထွက်တာကောင်းမယ်ထင်တယ် ... ရေစိုနေတဲ့လမ်းနဲ့သားပြိုင်ကားနဲ့ဆိုမဖြစ်ဘူးလေ မိုးကောသည်းကြီးမည်းကြီးရွာမှာဆိုတော့ Paစိတ်ပူတယ် သား~"

Love Quizzed GameWhere stories live. Discover now