XVIII 「Final」

1.7K 156 19
                                    

*Scroll down for Zawgyi*

🚨ဝှီး~ဝေါ် ... ဝှီး~ဝေါ် ... ဝှီး~ဝေါ် 🚨

အသံတွေဖြင့် ဆေးရုံတစ်ခုဆီသို့ လူနာတင်ယာဉ်တစ်စီး ခပ်မြန်မြန် ဆိုက်ရောက်လာသည် ... ဆရာဝန်တွေ nurseတွေလည်း ဆေးရုံထဲကနေ အပြေးအလွှားထွက်လာကြပြီး လူနာတင်ယာဉ်ထဲက သွေးထွက်သန်ယိုတွေဖြင့် သတိလစ်မေ့မျောနေတဲ့Phanaကို လူနာတင် လှည်းပေါ်သို့ ပြောင်းလိုက်ပြီး ဆေးရုံထဲ ခေါ်သွားကြသည်

Yoလည်း ဘေးကနေ စိုးရိမ်ပူပန်မှုတွေဖြင့် ငိုယို လိုက်ပါလာရင်း ပါးစပ်ကနေလည်း အရူးတစ်ယောက်လို တတွတ်တွတ်ဖြင့်

- P ဘာ ဘာမှ မဖြစ်ရဘူး ... P'Pha အသက်ရှင်မှဖြစ်မှာ ... Pရှိမှဖြစ်မှာမို့ ... ကျေး ကျေးဇူးပြုပြီး ဘာမှမဖြစ်ဘဲ ပြန်လာပေးပါ Pရယ်.. နော်.. ကျနော်..မှားသွားပါတယ် ဟင့် ..Yoနောင်တရနေပါပြီ

Phanaကို Operation room ထဲ ခေါ်သွားတော့ တစ်ကိုယ်လုံးအဝတ်အစားတွေပေါ် Phanaရဲ့သွေးတွေပေကျန်နေတဲ့Yo ... အပြင်ကနေ တစ်ယောက်တည်း ဖျော့တော့စွာ ရပ်နေရင်း ကျန်ခဲ့တော့သည်

ပိတ်ထားတဲ့ Operationခန်း တံခါးကြီးကိုသာ စိတ်နဲ့လူမကပ်သလို တတွေတွေ မျှော်ကြည့်ရင်း .. အတော်ကြာ တိတ်ဆိတ်နေရာမှ ခေါင်းထဲတွင် အကြောင်းအရာပေါင်းစုံက နေရာယူလာသည်

- အခုလိုဖြစ်ခဲ့ရတာတွေအားလုံး ငါ့ကြောင့် .. ငါ့ကြောင့်!! ဒီစောက်သုံးမကျတဲ့ ငါ့ကြောင့် P'Phaဒီလိုဖြစ်ရတာ အင့်ဟာ အင့်ဟာ အင့်ဟာ... အားးးး!!!!

ရင်ဘတ်ကို သူ့လက်သီးဆုပ်တွေနှင့် ကြေမွသွားမတတ် အားပြင်းပြင်း ထုရိုက်နေရင်း မခံမရပ်နိုင်စွာ ရှိုက်ကြီးတငင်အော်ငိုမိသည် ... အားအင်လည်းမရှိတော့ ဆက်ပြီး ရပ်နိုင်ခြင်းကင်းမဲ့သွားတဲ့Wayo နောက်ဆုံး ကြမ်းပြင်သို့ ဒူးထောက်လျက် ပုံကျသွားသည်

~~ကျနော်နဲ့ပတ်သက်လိုက်လို့ Pအခုလို အဖြစ်ဆိုးနဲ့ကြုံရတာ ... ကျနော်က ကိုယ်ချစ်တဲ့သူကို ကံဆိုးခြင်းတွေပဲ ယူဆောင်လာခဲ့မိသူတစ်ယောက် ... ကျနော်ကြောင့် Pကို မကောင်းတာတွေပဲ ဖြစ်စေခဲ့မိတယ် ... ကိုယ့်ကိုယ်တိုင်လည်း နောင်တတွေ တပုံတပင်နှင့်ပင် ... ငါဘာတွေလုပ်လိုက်မိတာလဲ လို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိသည်အထိ~~

Love Quizzed GameWhere stories live. Discover now