*Scroll down for Zawgyi*
Phana တစ်ယောက်ဟာ Hallထဲတွင်ရှိ Partyလာတက်တဲ့မိန်းကလေးအများစုရဲ့ အာရုံစိုက်ခြင်းကို ခံနေရပင်မယ့် အေးအေးဆေးဆေးပင် ဂရုမစိုက်သလိုနေကာ ... သက်တောင့်သက်သာစွာဖြင့်
Kitတို့နှင့်ဝိုင်းဖွဲ့မနေဘဲ ဘေးနားတွင် နံရံကိုမှီရပ်နေပြီး ခြေတစ်ချောင်းက နံရံကိုတွန်းကန်လျက်အနေအထားဖြင့် ... လက်ထဲက ရှိန်ပိန်ခွက်လေးကို အသာလှုပ်ယမ်းနေရင်း တစ်ကိုယ်တည်း တစ်ခုခုကို သေချာစဉ်းစားတွေးတောနေမိသည်
နေ့လည်တုန်းက Yoပြောသွားတာ Kookgaiက ကျနော့်ကိုကြိုက်နေတယ်ဆိုတဲ့အကြောင်းလေးရယ်ပါ...။ ဒါနဲ့ ဘာရယ်မဟုတ် Kookgaiကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူမက ကျနော့်ကိုခိုးကြည့်ရာကနေ ဒဲ့တိုး မိသွားတာကြောင့် ... သူမဘာသာ မသိသလို တခြားဘက်သို့ လှည့်သွားလေရဲ့
Yoပြောတာလည်း ဟုတ်လောက်မှာပါ ... ကျနော် Kookgaiကို ခင်မင်တဲ့သူငယ်ချင်းမလေး တစ်ယောက်ထက် မပိုတာကြောင့် သူမကို ကြိုပြီးရှောင်ပြနေလိုက်တာ အကောင်းဆုံးပဲဟု ဆုံးဖြတ်လိုက်သည်
ဒါနဲ့ သူမကကျနော့်ကိုကြိုက်နေတဲ့ကိစ္စကိုလည်း သူက ဘယ်လိုလုပ်သိနေပြန်တာလဲ? ကာယကံရှင် ကျနော့်ထက်တောင် အရင်သိနေတာ
ပြီးတော့ Shopping mallမှာတုန်းကလည်း သူဘယ်ချိန်က လာထားသွားသလဲဆိုတာကို ... အခုချက်ချင်းလက်ငင်း ခေါင်းအေးအေးထားပြီး သေချာပြန်စဉ်းစားကြည့်လိုက်သည်
*အိမ်ကထွက်... Agencyမှpracticeလုပ်... လေ့ကျင့်ပြီးတဲ့အထိ လွယ်အိတ်မှာ သော့ချိတ်ရှိမနေသေးဘူး ဟုတ်တယ်~။ ပြီး Mallထဲရောက်... Kitတို့နဲ့နေ့လည်စာစားပြီးမှ တွေ့တာဆိုတော့ ....., သေချာတယ် ကားပေါ်ကဆင်းပြီး Kitတို့ဆီမရောက်ခင် အချိန်တိုလေး အတွင်းမှာ ပစ္စည်းကို ရအောင်ထားသွားခဲ့တာ*
အဲ...ခဏ ။ အဲ့တုန်းက ဓာတ်လှေကားထဲမှာ တစ်ယောက်ယောက်ရှိနေခဲ့တာပဲ မဟုတ်လား .... ဝင်ဝင်ချင်း တစ်ယောက်ယောက်ရှိတယ်ဆိုတာ မြင်ကွင်းထဲဝင်လာတာမို့ ရိပ်မိပါသော်လည်း ချက်ချင်းရှေ့လှည့်လိုက်လို့ သတိထားမကြည့်မိလိုက်တာ ... သေချာတယ် Yoက သူပဲဖြစ်ဖို့များတယ်
YOU ARE READING
Love Quizzed Game
FanfictionGxxodBas Fan-fiction [Burmese] Summary; Phana(Gxxod) often comes to play tennis at a friend of Wayo(Bas)'s club. One day, Wayo comes to his friend's tennis club and he falls in love with Phana at first sight. Then how will Wayo start courting to him...