VII

1.5K 180 15
                                    

*Scroll down for Zawgyi*

မိုးရေထဲမှာ သတိမေ့လဲကျသွားတဲ့ သူတို့ရဲ့သခင်လေးကိုတွေ့တော့ အိမ်တော်စောင့်တွေ ၃၊၄ယောက်လောက် စိုးရိမ်တကြီး ... Yoရှိရာဆီ ပြေးသွားလိုက်ကြတယ်

- ဟာာ...... သခင်လေး လဲကျသွားပြီ!! သခင်လေး!!

- သခင်လေး!! ထပါဦး...!!! သခင်လေးYo!!!

- သခင်လေးကိုယ်ပေါ် ထီးအရင်မိုးလိုက်!!! တစ်ယောက်... အိမ်တော်ကိုအကြောင်းကြား!!! ငါတို့...သခင်လေးကို အိမ်တော်ဆီသယ်ကြမယ်!!

ခြံထဲ အော်ဟစ်သံတွေကြောင့် သခင်ကြီးတို့လင်မယား ပျာယာခတ်စွာ လောလောနဲ့ အိမ်အပြင်ထွက်လာကြတော့ ... မြင်လိုက်ရတဲ့ သူတို့သားလေးရဲ့အခြေအနေကြောင့် နှစ်ယောက်စလုံး သွေးဆောင့်တက်သွားရသည်

- သားလေး!!!

- Yo!!!

နှစ်ယောက်စလုံး မိုးရွာနေတာကိုဂရုမစိုက်နိုင် ... အိမ်တော်သို့ ခြေလှမ်းကျဲတွေဖြင့် မြန်မြန်ထိန်းလျှောက်လာတဲ့ အစောင့်တပည့်တစ်ယောက်ရဲ့ကျောပေါ်မှာ အေးချမ်းစွာ သတိမေ့မျောနေပြီဖြစ်တဲ့သူတို့သားလေးYo အိမ်ရှေ့ရောက်သည်ထိ ... စောင့်မနေတော့ဘဲ မိုးရေထဲအလျင်စလိုပြေးသွားလိုက်ကြသည်

- Wayo~ ငါ့သားလေးး!!! ဘယ်လိုဖြစ်ရတာလဲကွယ်~

အမေဖြစ်သူက... သူမ,သားရဲ့သွေးမရှိတော့တဲ့မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်၍ မျက်ရည်တွေဝေ့သီလျက် တီးတိုးပြောဆိုမိသည် ...

- ငါ့သားကို ခုချက်ချင်းဆေးရုံပို့ကြမယ် မြန်မြန်!!!

- ဟုတ်ကဲ့ သခင်ကြီး!

Wayoကိုကျောပိုးထားလျက်နဲ့ သူတို့အားလုံး ကားပေါ်တက်လိုက်ကြကာ အိမ်တော်ကနေမြန်မြန်ထွက်ခွာပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးဆေးရုံတစ်ခုသို့ ဦးတည်မောင်းနှင်လိုက်သည်

~~~~~~~~~~~~

@Bumrungrad_International_Hospital

- ကျမ သားလေး ... ကျမ သားလေး အဆင်ပြေမှာပါနော် ယောက်ျား~?

သူမတို့သားကို ဆရာဝန်တွေစမ်းသပ်စစ်ဆေးကြည့်နေတုန်း ... အထူူးခန်းရဲ့အပြင်ဘက်ကနေ ဝမ်းနည်းပူဆွေးမျက်ရည်တွေဖြင့် ကတုန်ကယင်ဖြစ်နေတဲ့မိန်းမဖြစ်သူကို သခင်ကြီးက ဘေးကနေနှစ်သိမ့်ပေးနေရသည် ... ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ အမေဆိုတော့ ဒီလိုဖြစ်တာမထူးဆန်းပေ

Love Quizzed GameWhere stories live. Discover now