Scroll down for Zawgyi*
『 Unicode 』Phana တစ်ယောက် Yo ဆိုတဲ့ပိုင်ရှင်ပေးလိုက်တဲ့ အရောင်မဲ့ ထီးအကြည်လေးရဲ့ကျေးဇူးကြောင့် သူရဲ့ပြိုင်ကားပေါ်ရောက်လာခဲ့တယ်
နောက်ကိုလှည့်ကြည့်လိုက်ရင်တော့ Agencyအဆောက်အဦးရဲ့ အဝင်တံခါးပေါက်ဝတွင် မိုးအကာအကွယ်ပစ္စည်းတစ်ခုမှယူမလာခဲ့တဲ့သူတွေက ပြင်းထန်စွာရွာသွန်းနေတဲ့မိုးနဲ့ အုံးမှိုင်းမှောင်မိုက်နေတဲ့မိုးကောင်းကင်ကိုကြည့်ရင်း စိတ်ပျက်စွာညီးတွားနေကြပုံကို မြင်တွေ့ရပေမည်
အခုဆိုရင် သူ့ပြိုင်ကားနက်လေးက မိုးရေစိုနေတဲ့လမ်းမကြီးပေါ်ပြေးလွှားလျက် ... အစက အိမ်တန်းပြန်နားမယ်စီစဉ်ထားသော်လည်း စောနတုန်းကမှ သိခဲ့ရတဲ့အဖြစ်အပျက်ရယ်ကြောင့် စိတ်ပြောင်းသွားကာ ... ဦးတည်မောင်းနှင်နေသည်က သူ့lockerလေးရှိတဲ့ Tennis clubဆီသွားရာ လမ်းမပေါ်မှာ။
ခုချိန်သူ့စိတ်ထဲမှာ Yoဆိုတဲ့တစ်ယောက်ကသာ အချိန်ပြည့်စိုးမိုးထားသည် ... ကားမောင်းနေရင်း သူနဲ့staffရဲ့ပြောစကားများကိုတဖန်ပြန်လည်ကြားယောင်နေမိတယ်
Flashback ≪
- ဒီမှာခင်ဗျ! ဒီဟာတွေကလေ ဘယ်သူလာပေးသွားတာလဲမသိဘူး P'သူ့ရုပ်ကိုမှတ်မိလား ယောက်ျားလေးလား မိန်းကလေးလား ကျတော့်ကိုတစ်ချက်လောက်ပြောပြပေးပါ အရမ်းအရေးကြီးလို့ပါ
မေးလိုက်တဲ့မေးခွန်းတွေ တရစပ်ထွက်ကျလာတော့ staff ခမျာကြောင်တောင်တောင်လေးနဲ့
- ဟင်? ခုနကချစ်သူတွေပါဆို...?
- အဲ့ အဲ့ဒါက...... .....
Phana အားနာနာနဲ့ ဂုတ်လေးပွတ်ပြီး မသက်သာဘဲလိမ်လိုက်ရတဲ့အကြောင်းရင်းကိုပြောပြမိသည် ... သေချာတောင်းပန်လိုက်တော့ staff ကသဘောကောင်းပေလို့တော်သေးသည် ... ခုချိန်မှာ Yo ဘယ်သူလဲသိချင်နေတာလေ ... သူ့ကိုယ်သူလည်း ခုချိန်ဘာတွေဖြစ်နေမှန်း ဘာတွေလုပ်နေမှန်းမသိတော့တာ တခါမှမတောင်းပန်ဖူးတဲ့သူက ချက်ချင်းကြီး ထပြီးတောင်းပန်လို့ပန်နဲ့
- ဟုတ်ပါပြီ P'အစကတည်းကရိပ်မိပါတယ် အဲ့ဒါကြောင့် Nongကိုဘာမှဆက်မပြောတာ ... ဒါပေမဲ့ ခက်တာက N'ခုနကမေးတဲ့မေးခွန်းမျိုးကို မေးလိမ့်မယ်လို့ သူကကြိုသိနေတယ်ငါ့ညီရ ... သူကဒီလိုမေးရင် ဘာမှပြန်မပြောဖို့ P'ကိုကတိတွေအထပ်ထပ်တောင်းပြီး ပြောထားလို့ ... P'ဆီကနေ သူ့အကြောင်းဘာတစ်ခုမှသိရမှာမဟုတ်ဘူး...
YOU ARE READING
Love Quizzed Game
FanfictionGxxodBas Fan-fiction [Burmese] Summary; Phana(Gxxod) often comes to play tennis at a friend of Wayo(Bas)'s club. One day, Wayo comes to his friend's tennis club and he falls in love with Phana at first sight. Then how will Wayo start courting to him...