XIV

1.4K 180 34
                                    

*Scroll down for Zawgyi*

Before the Masked Ball Party ~

ညနေရောက်တော့ ချိန်းထားတဲ့အတိုင်း YoကParty တက်ရန် အဖော်ခေါ်ထားတာမို့ အနောက်တိုင်းဝတ်စုံအပြည့်နဲ့Forthက Yoကိုလာခေါ်ဖို့အတွက် Panichjayasawadအိမ်တော်ဆီရောက်လာလေရဲ့

အပေါ်ထပ်ကနေ ဆင်းမလာသေးတဲ့ Yoက ဖုန်းဖြင့် ခဏ အိမ်ထဲဝင်စောင့်အုံးဆိုလို့ ဧည့်ခန်းကြီးထဲတွင် ထိုင်စောင့်နေသည်

အဲ့ဒီအချိန် မတွေ့တာကြာပြီဖြစ်တဲ့ Yoရဲ့မိခင်ဖြစ်သူနဲ့တွေ့ပြီး နှစ်ယောက်သား စကားလက်ဆုံကျနေလေရဲ့

- သားလေးတောင် မတွေ့ရတာအတော်ကြာပြီကွယ် ... L.Aမှာကျောင်းသွားတက်တယ်ဆိုတဲ့သတင်းကို အန်တီတို့လည်းကြားပါတယ်

- ဟုတ်တယ် အန်တီရဲ့ ... အခုဟာက ကျောင်းပိတ်ရက်မို့လို့ ပြီးတော့ အိမ်က ပါးနဲ့မားကိုလည်း သတိရလို့ ခဏတဖြုတ်ပြန်လာတာပါဗျ ... ရုတ်တရက်ကြီး ထွက်သွားရတာဆိုတော့ အန်တီတို့ မိသားစုကို သေချာလေး မနှုတ်ဆက်ခဲ့လိုက်ရဘူး

- အေးကွယ် Yoလေးခမျာကတော့ သားကိုသံယောဇဉ်ရှိနေရှာတာ ... အဲ့နေ့က သားထွက်သွားတာလည်းသိရော ဝမ်းနည်းပြီး ရှိုက်ကြီးတငင်ကို ငိုယိုတော့တာ တစ်ညလုံးပဲ ... ၃ရက်လောက်ကို မစားမသောက်၊ အိပ်ခန်းထဲကနေမထွက်ဘဲ တမှိုင်မှိုင်တတွေတွေဖြစ်နေတာ ကြာတော့ အရမ်းနုနယ်တဲ့ ဒီကလေး နေမကောင်းဖြစ်ပီးဆေးရုံတောင်တင်လိုက်ရတယ် သားရယ်

- ဗျာ~

Yoမေမေဆီမှ မထင်မှတ်ထားတဲ့ အကြောင်းရယ်ကြောင့် သူ့ခမျာ အံ့သြလွန်းလို့ ယုံတောင်မယုံနိုင် ... သူလည်း Wayoကို အရမ်းချစ်သလို ခင်မင်တွယ်တာမိပါသည် ဒါပေမဲ့ ဒီကလေး သူ့ကိုအဲ့လောက်တောင် အစွဲအလမ်းရှိပြီး သံယောဇဉ်ကြီးခဲ့တယ်ဆိုတာကို တကယ်မသိခဲ့မိတာ

Love Quizzed GameWhere stories live. Discover now