V

1.7K 168 21
                                    

*Scroll down for Zawgyi*
『 Unicode 』

ဒီနေ့ Phana တစ်ယောက် Uniimodel Agency မှာ audition ဖြေဖို့အတွက် အစောကြီးထပြီးပြင်ဆင်စရာရှိတာ ပြင်ဆင်နေလေရဲ့ ... တအားheavyကြီးမဟုတ်ဘဲ ရိုးရိုးလေးနှင့်ဆွဲဆောင်မှုရှိအောင်တော့ သေချာလေးပြင်လိုက်သည်

သူ သွားဖြေမှာက model ပိုင်းလေ ... အဲ့ဒါကြောင့် သူ့ရဲ့Body structureကို ပေါ်လွင်အောင် အဝတ်အစားကိုလည်း သေချာရွေးရသေးသည် ... ခုချိန်မှာ သူ့အရမ်းကိုရင်တွေခုန်နေပြီး ဘယ်လောက်တောင်စိတ်လှုပ်ရှားနေမလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံး

model လုပ်ဖို့ဆိုတာ ဟိုးငယ်ငယ်လေးကတည်းကအရမ်းဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ရည်မှန်းချက်ကြီးပေါ့ ... ဒါပေမဲ့ သူ့မိဘတွေက modelမလုပ်စေချင်ဘူး ... အားမပေးဘူးဆိုရင် ပိုမှန်မယ်

စီးပွားရေးဘက်မှာအောင်မြင်နေတဲ့ သူတို့ရဲ့ Zephyr Company ကို နောက်ပိုင်း Phanaရဲ့လက်ထဲသို့ လွှဲပြောင်းပေးပြီး ကုမ္မဏီကိုဦးစီးစေချင်တာ ... အဲ့ဒါ Phanaရဲ့မိဘတွေရဲ့ မျှော်မှန်းထားတဲ့ အစီအစဉ်ပေါ့

ဒါပေမဲ့ Phana ကတော့ သူ့ရဲ့မိဘတွေကိုဆန့်ကျင်ပြီး modelဖြစ်ရန်သာ စိတ်ထဲရှိပြီး audition ဝင်ဖြေဖို့လုပ်နေလေရဲ့

အခုဆို သွားပြိုင်ဖို့အိမ်ကနေထွက်လာပြီး သူ့ပြိုင်ကားပေါ်မတက်ခင် ဘာရယ်မဟုတ် ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်သည် ... ရာသီဥတုက ပုံမှန်အတိုင်းသာယာနေပြီး တိမ်တွေကင်းစင်နေလေတယ်

သူ မနေ့ကအကြောင်းအရာတစ်ခုကို အမှတ်ရလိုက်သည် ... Yo ဆိုတဲ့စာပိုင်ရှင်က စာရွက်stickerလေးထဲမှာ Weather မကောင်းဘူးလို့ပြောခဲ့တာလေး

သူ ခနဲ့တဲ့အပြုံးမျိုးပြုံးလိုက်ပြီး *အလကား ဘာမှမဟုတ်တာကိုလျှောက်ပြောနေတာ* ဒီနေ့က နေသာပြီး မိုးအုံ့ဖို့နေနေသာသာ တိမ်တွေဆိုတာကိုမတွေ့လို့တောင်မှ လိုက်ရှာနေရသည်အထိ ကောင်းကင်ပြာပြာကြီးကို မျက်ဝါးထင်ထင်တွေ့နေရပြီလေ

*မင်းပြောတာကို ဂရုမစိုက်ဘဲ အနွေးထည်နဲ့ထီးမယူခဲ့တာ ငါသိပ်မှန်သွားတယ် ... မဟုတ်ရင် ဒီလောက် နေပူပြီး ရာသီဥတုသာယာနေတာကို ရူးနေလို့ မင်းပြောတဲ့အတိုင်းလိုက်လုပ်မိရင် ရောက်တဲ့နေရာကလူတွေရှေ့မှာ ငါ့ကိုအရှက်ရအောင်လုပ်ချင်တာ အသိသာကြီးပဲ .. မင်းအကြံ ဒါအကုန်ပဲလား? မင်းတော်တော် အောက်တန်းကျတာပဲ*

Love Quizzed GameWhere stories live. Discover now