XVI

1.4K 182 31
                                    

*Scroll down for Zawgyi*

အနီးအနား တစ်နေရာမှ ringtone သံ ပေါ်ထွက်လာတာကြောင့် Phanaချက်ချင်းပင် ringtone ဦးတည်ထွက်လာရာ နေရာသို့ အပြေးအလွှားသွား၍ ရှာကြည့်လိုက်တော့

သူနဲ့ အကွာအဝေးတစ်ခုမှာ မိန်းကလေးတစ်ယောက် အသံမြည်နေတဲ့ဖုန်းကို ကြည့်လျက် ကျောပေးထားတာကို မြင်လိုက်ရတာမို့ ဝမ်းသာတကြီး အနားသို့ လျှောက်လှမ်းသွားကာ သူမရဲ့ပုခုံးနှစ်ဖက်ကို ဆွဲလှည့်လိုက်တော့

- ဟင်!!!

- Pha!! နင်က ဒီနေရာဘယ်လိုလုပ်ရောက်နေတာလဲ? ဒါမှမဟုတ် Kitတို့ လွှတ်လိုက်တာလား?

- Kookgai? မင်းကဒီကိုဘာ...

ရုတ်တရက် ပြောင်းလဲမှုတစ်ခုကြောင့် Phanaပြောလက်စ စကားများ ရပ်တန့်သွားရသည် ...

တစ်ယောက်သောသူရဲ့perfumeရနံ့သည်လည်း ထိုအချိန်တွင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတာကို တခါတည်း ခံစားမိလိုက်တာမို့

အဲ့ဒါကြောင့် ချက်ချင်း သူမ'ကိုင်ထားဆဲ ဖုန်းကို လှမ်းကြည့်မိတော့ contact nameပေါ်မှာ နေရာယူထားတာက Kit တဲ့ ... သူမကတော့ ကျနော့်ကိုမြင်မြင်ချင်း ကျေနပ်တဲ့အပြုံးတွေ ဝေဆာစွာနှင့်

- ငါက အခုမှဒီကို လာဖူးတာဆိုတော့ လမ်းမသိမှာစိုးလို့ Kitက နင့်ကိုတမင်သက်သက် လွှတ်လိုက်တာဖြစ်မယ်

ဆိုကာ ဖုန်းလက်ခံလိုက်ပြီး သူမ ရောက်နေပြီဖြစ်ကြောင်း၊ ကျနော်နဲ့တွေ့ပြီး အတူလာနေပြီဖြစ်ကြောင်း တစ်ဖက်ကKitကို ပြောပြနေတာ

အဲ့တော့မှ အခုချိန်ထိ မလှုပ်မယှက် ဇဝေဇဝါ နားမလည်ဖြစ်နေတဲ့Phana အကုန်ရှင်းရှင်းလင်းလင်းသိသွားတာနဲ့တပြိုင်နက် မျက်လုံးတွေအသာမှိတ်ချလိုက်ကာ နောက်ဆက်တွဲအနေဖြင့် သက်ပြင်းကိုအသာထပ်၍ချလိုက်မိတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အဲ့တော့မှ အခုချိန်ထိ မလှုပ်မယှက် ဇဝေဇဝါ နားမလည်ဖြစ်နေတဲ့Phana အကုန်ရှင်းရှင်းလင်းလင်းသိသွားတာနဲ့တပြိုင်နက် မျက်လုံးတွေအသာမှိတ်ချလိုက်ကာ နောက်ဆက်တွဲအနေဖြင့် သက်ပြင်းကိုအသာထပ်၍ချလိုက်မိတယ်

Love Quizzed GameWhere stories live. Discover now