*Scroll down for Zawgyi*
Yo သည် မိန်းကလေးတစ်ယောက်ဖြစ်သည်ဟု ထစ်ချယုံကြည်လိုက်တဲ့ Phanaအဖို့ကတော့ သူ့စကားကြောင့် တစ်ဖက်ကWayoဘယ်လို စိတ်ထိခိုက် ခံစားသွားရတယ်ဆိုတာ လုံးဝသတိမထားမိလိုက်ပေ
သူရဲ့ပြောလိုက်တဲ့ စကားလမ်းကြောင်းက Wayoရဲ့ချထားပြီးသား ဆုံးဖြတ်ချက်ကို လုံးဝပြန်ပြင် ပြောင်းလဲနိုင်သည်အထိ ကြီးကြီးမားမား သက်ရောက်သွားတာကို Phanaမသိရှာပေ
~~~~~~~~~~~~~~
- Ai Pha မင်းဒီနေ့ ဘာဖြစ်နေတာလဲ? ကစားတာတွေက စိတ်မပါသလိုနဲ့ ... မင်းပဲ စိတ်ဖြေလက်ပျောက်ကစားချင်တယ်ဆိုပြီးအကြောင်းပြချက်နဲ့ ငါတို့ကိုချိန်းထားပြီးတော့ ...
- Beam ပြောတာမှန်တယ် မင်း အခုတလော မူမမှန်ဘူး ခုလည်းကြည့် ... မျက်နှာကလည်း မှုန်ကုပ်နေတာ အမြဲတမ်း ခပ်လန်းလန်းနဲ့ လူတကာကိုအပြောအဆို ဆက်ဆံရေးမလုပ်ဘဲ ခပ်ချေချေနေတတ်တဲ့ cool guyကြီးPhana ဘယ်ရောက်သွားတာလဲ
သူတို့ပြောတာလည်း ဟုတ်ပါတယ် ... ဒီနေ့ သူ့စိတ်တွေတအားရှုပ်ထွေးနေလို့ စိတ်ဖြေတဲ့အနေနဲ့ သူတို့နဲ့ချိန်းပြီး Tennis ကစားဖို့ clubကိုလာခဲ့ကြတာ
ဒါပေမဲ့ ကစားတဲ့ဘက်ကို စိတ်ထဲနှစ်ထားလို့မရ၊ ကြိုးစား အာရုံစိုက်ပြီး ကစားလည်း ဘယ်လိုမှမရပြန် ... စိတ်ထဲ တစ်ခုခုထင့်နေတာ ဘာမှန်းတော့သေချာမသိ ... အဲ့တော့ ကြိုးစား'ကစားသမျှလည်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ရော ... ကိုယ့်ကိုယ်ကိုလည်း သိပ်ကိုစိတ်ပျက်မိတာ
~~ အခုလို ကိုယ့်ကို လုံးဝပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတာ၊ ကိုယ်ရဲ့စိတ်အာရုံတွေကို ထိန်းချုပ်နိုင်စွမ်းရှိတာ၊ သူ့ကို အချိန်တိုင်း အမြဲတမ်း သတိရ တမ်းတနေအောင်လုပ်နိုင်စွမ်းရှိတာ၊ သူ့အကြောင်းတွေ မတွေးရမနေနိုင်အောင် လုပ်နိုင်တာ၊ နောက်ဆုံး ... သူနဲ့မတွေ့ရမှာကို တွေးပြီး ရူးမတက် စိတ်တွေလေနေရတာ ... အဲ့ဒါတွေ အားလုံး Yoဆိုတဲ့ မင်းလေးကြောင့် ~~
YOU ARE READING
Love Quizzed Game
FanfictionGxxodBas Fan-fiction [Burmese] Summary; Phana(Gxxod) often comes to play tennis at a friend of Wayo(Bas)'s club. One day, Wayo comes to his friend's tennis club and he falls in love with Phana at first sight. Then how will Wayo start courting to him...