*Scroll down for Zawgyi*
- Ai Yo !!
စားသောက်ဆိုင်ထဲ ဝင်လာလာချင်း ကျနော့်နာမည်အော်ခေါ်သံကြောင့် အသံလာရာရှာကြည့်တော့ Ming ... သူနဲ့ အတူတူ အဲ့ဝိုင်းမှာပဲ ထိုင်နေတဲ့လူတစ်ယောက်ကိုလည်း အဝေးမှလှမ်းတွေ့လိုက်ရသည်
အဲ့တော့မှ သူတို့ဆီပဲ တန်းသွားလိုက်ပြီး လွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်တော့ Ming က
- Yo , ဒါငါ့ရဲ့သူငယ်ချင်း Forth တဲ့ ..... ကဲ Forth? မင်းတွေ့ဖူးချင်နေတဲ့ ငါ့ထက်ငယ်ပြီး ကလေးလေးလိုသိပ်ချစ်စရာကောင်းလှတဲ့ သယ်ရင်းပေါက်စလေး Wayoတဲ့
ကျနော်ပြုံးကာ ခေါင်းညိမ့်ပြလိုက်ပြီး
- Wayo ပါ, Sawadee P'....P'..
- Sawadee. P'Forth လို့ပဲခေါ်ပါ Nong Yo~
- khab ~ P'Forth
- ငါမင်းကိုဒီလာဖို့ နောက်တစ်ကြိမ်ဖုန်းထပ်ဆက်လိုက်ရတာ အလုပ်ရှုပ်သွားမှာပဲ ... ဒီကောင်လေ ငါတို့ရောက်နေပြီးသား Barမှာပဲ မင်းကိုလှမ်းခေါ်လိုက်မယ်ဆိုတာကို သူက မင်းအသက်အရွယ်နဲ့မသင့်လျော်ဘူး Barတွေမှာရှိတဲ့အငွေ့အသက်တွေနဲ့ ရင်းနှီးသွားပြီး အတုယူမှားမှာစိုးလို့ တစ်နေရာရာပဲ ချိန်းလိုက်ပါဆိုလို့ မင်းကိုဒီဆိုင်မှာပြန်ထပ်ချိန်းပြီး စောင့်နေကြတာ ... အလုပ်ရှုပ်သွားလားAi Yo
- အာ~ အလုပ်မရှုပ်ပါဘူးPP , ခုဆိုင်ကလည်း လာတဲ့လမ်းပေါ် သင့်နေတာမို့ တကူးတကပြန်ကွေ့ဖို့မလိုဘူးလေ ... ပြီးတော့ ကျနော်လည်းBarတွေလို လူများပြီးဆူညံနေတဲ့နေရာတွေဆိုမသွားတတ်လို့ P'Forthကိုပဲ ကျေးဇူးတင်ရမယ် ^^
- တွေ့လား Mingkwan , သူက မင်းလိုမဟုတ်ဘူး လိမ္မာရေးခြားရှိပြီးချစ်စရာကောင်းတဲ့ ကလေးကို မဖျက်စီးစေချင်ပါနဲ့ကွာ
Forth က Ming ကျောကိုပုတ်ပြီး အနိုင်ရသွားသလိုနဲ့ ဂုဏ်ယူပြီး ရယ်သံစွတ်လျက်ပြောနေတာကို မျက်နှာကြီးစူပုတ်ပြီး ဂျိုကြည့်ကြည့်နေတဲ့ Ming
သူ့ပုံစံကို ကြည့်ပြီး ကျနော်နဲ့P'Forth အသံထွက်အောင်ပင် ရယ်လိုက်မိသည်
- ဟျောင့် မင်းကခုမှတွေ့တဲ့ ငါ့Wayoကိုများ ... ငါ့ထက် အရင်ခင်ခဲ့တဲ့သူလိုလိုနဲ့ ပြောပုံကြီးက ... ပြီးတော့ ဘာတဲ့? ကလေး?
YOU ARE READING
Love Quizzed Game
FanfictionGxxodBas Fan-fiction [Burmese] Summary; Phana(Gxxod) often comes to play tennis at a friend of Wayo(Bas)'s club. One day, Wayo comes to his friend's tennis club and he falls in love with Phana at first sight. Then how will Wayo start courting to him...