*Scroll down for Zawgyi*
- Yo~? ဒီနေ့ ညအတွက် စကားပြောဖို့ကိုစောင့်နေတာ ... ခုချိန်ထိ Yoစကားလာမပြောသေးလို့ Pဘက်က မနေနိုင်တော့တာနဲ့ စ'ပြီးခေါ်လိုက်ရတာပါ
ထပ်ပို့လာတဲ့ စာကိုဖတ်ကြည့်ပြီးတဲ့နောက် သူ့အပေါ်မတရားအပြစ်လုပ်ထားမိသလိုခံစားရသည် ...
ဒီနေ့မှာ မထင်မှတ်စွာ P'Forthနှင့်ပြန်တွေ့ဆုံခဲ့တာကြောင့် သူ့ကိုခဏတဖြုတ် မေ့ပစ်ထားခဲ့သလိုဖြစ်သွားရသည်မဟုတ်လား ...
သူ့ဘက်ကိုမကြည့်ဘဲ ကိုယ့်ဘက်ကိုယ်ကြည့်မိသွားသလိုဖြစ်တာကြောင့် သူ့အပေါ် အားနာစိတ်တွေနှင့်အတူ စိတ်မကောင်းလည်းဖြစ်မိ၏
- Yo ရှိပါတယ် ... အိမ်ကို ခုလေးတင်ပြန်ရောက်တာမို့ Pနဲ့ပြောဖို့ နောက်ကျသွားရတာပါ
- Aww ~ ဒါနဲ့ ညစာကောစားပြီးပြီလား? ခုတောင် တော်တော်နောက်ကျနေပြီ ... တအားကြီး ညဉ့်နက်သွားရင်မကောင်းဘူးYo ကျန်းမာရေးထိခိုက်လိမ့်မယ် Yoမစားရသေးရင် အရင်သွားစားလိုက်ပါ ရပါတယ် ကိုယ်ကစောင့်နိုင်ပါတယ်
ခုစာကိုဖတ်ကြည့်ပြီး ရင်ထဲနွေးထွေးသွားသလို ခံစားရသည် ... သူ ကျနော့်အပေါ်ဂရုစိုက်ပေးနေတာကို သိရတော့လည်း စိတ်ထဲကြိတ်ပြီးပျော်ရွှင်ရ၏
- Yo အပြင်ကနေ စားခဲ့ပြီးပါပြီ ... ဒါနဲ့ ဒီနေ့လည်း Yoကိုမမိခဲ့ဘူးမလား?
- ဘယ်လိုလုပ်မိတော့မှာလဲကွာ Yoက မထင်မှတ်ထားတဲ့အချိန်တွေမှ ရောက်ရောက်လာတတ်တာကိုး ... ခုPလက်ထဲရောက်နေတဲ့ Power bank က Yoမသုံးရသေးဘူးထင်တယ် သစ်နေလို့
- အွန်း ... အသစ်ကြီး ဝယ်ထားတာမကြာသေးဘူး ... ဒီနေ့မှ လိုရင်သုံးမယ်ဆိုပြီး လွယ်အိတ်ထဲအရန်ထည့်ထားတာ
- ဟာာ! အဲ့ဒါဆို အားနာစရာကြီး Yoရဲ့
- ရပါတယ်Pရယ် ... Yoဆီမှာ နောက်ထပ်အပို၂ခု ရှိပါသေးတယ်
- ဟင် ဘာလို့အဲ့လောက်တောင်များရတာလဲ?
- iPh အတွက်ရယ် , iPad အတွယ်ရယ် , iPod အတွယ်ရယ်လေ
- တော်တော်များတာပဲ သူဌေးကလေးရယ်
- နေ့လည်တုန်းက Pလိုဖြစ်နေတာထက်စာရင် ခုလိုအများကြီးဆောင်ထားတော့ပိုကောင်းတာပေါ့လို့ ဟွန့်... နောက်လည်း Power bankကို နေရာတကာ ဆောင်သွားပါ ဒီနေ့နေ့လည်တုန်းကလိုမဖြစ်ရအောင်လို့ ... ပြီးတော့ Power bankက Yoပေးထားတာဆိုပြီး မသုံးဘဲနဲ့လည်း မနေနဲ့အုံး
YOU ARE READING
Love Quizzed Game
FanfictionGxxodBas Fan-fiction [Burmese] Summary; Phana(Gxxod) often comes to play tennis at a friend of Wayo(Bas)'s club. One day, Wayo comes to his friend's tennis club and he falls in love with Phana at first sight. Then how will Wayo start courting to him...