IX

1.6K 181 32
                                    

*Scroll down for Zawgyi*

Phana တစ်ယောက် အခန်းထဲတွင် အငြိမ်မနေ ဟိုဒီလျှောက်နေရင်း Yoဖန်တီးထားတဲ့ ဂိမ်းက ဘာဖြစ်မလဲ?ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားခန်းဖွင့်နေလေရဲ့

ဘယ်လိုမှ စဉ်းစားမရတော့တဲ့အဆုံး ခြေလှမ်းတွေရပ်တန့်ပစ်လိုက်ပြီး ခပ်လှမ်းလှမ်းစာကြည့်စားပွဲပေါ်တွင် ရှိနေသည့် ပန်းရောင်စာရွက်လေးဆီသို့ အကြည့်တွေပို့ပစ်လိုက်သည်

သူ စာရွက်လေးရှိရာ စားပွဲဆီ လျှောက်သွားလိုက်ကာ စုံလှည့်ကုလားထိုင်ပေါ် ထိုင်ချရင်း ... ရှေ့တည့်တည့်မှာ ရှိနေတဲ့ ပန်းရောင်စာရွက်လေးကို ကောက်ကိုင်ပြီး ဘာရယ်မဟုတ် စိုက်ကြည့်နေလိုက်တော့တယ်

စာရွက်လေးထဲမှာတော့ •••

To P'Phana
P Yoကိုတွေ့ချင်နေတာ Yoသိတယ် ... Pပြောသလို ဒီအတိုင်း လူလုံးကြီး ထွက်ပြပြီး ပြီးသွားတဲ့တွေ့ဆုံမှုမျိုးက အရမ်းeasyဖြစ်မနေဘူးလား? ပေါ့ပျက်ပျက်ဖြစ်သွားမယ်လို့ Yoတော့ ထင်မိတယ်
အဲ့ဒါကြောင့် Pနဲ့Yo အပေးအယူလုပ်တဲ့အနေနဲ့ အရင်ဆုံး ဂိမ်းလေးတစ်ခု ကစားကြည့်ရအောင် ... Yoကိုတွေ့ဖို့ဆို အဲ့ဂိမ်းကို Pဝင်ကစားမှရမယ် ... Pနိုင်သွားခဲ့ရင် Yoအကြောင်းတွေကို သိခွင့်ရမယ် Yoထပ်ပြီးမဖုံးကွယ်ထားတော့ဘူး ... အဲ့ဒါကြောင့် Yoတို့တွေ့ဆုံမှုက ကစားမယ့်ဂိမ်းအပေါ်မှာပဲ မူတည်တယ်
ကဲ ဘယ်လိုလဲ? စိတ်ဝင်စားတယ် ဟုတ်? လက်ခံတယ်ဆိုရင် ဂိမ်းကို ဘယ်လိုကစားရမယ်ဆိုတဲ့ အကြောင်းနဲ့ အသေးစိတ်ကို Pနဲ့ဖုန်းထဲမှာဆက်ပြောကြတာပေါ့ နက်ဖြန်ညကျ Pဆီဆက်သွယ်လိုက်မယ် ... Bye Bye
From Yo🐳

ဒါ Yoကသူ့ကိုမနေ့က ပေးသွားခဲ့တဲ့ စာလေးပါ ... Yoက သူ့ရဲ့ဥပဓိကို ရိုးရိုးတန်းတန်းချမပြချင်တာ အရမ်းလျှို့ဝှက်တတ်လွန်းတယ် ကျနော်ဆိုတာလည်း သူကလျှို့ဝှက်ထားလေ ပိုသိချင်လေပဲ ... Yoစီစဉ်ထားတဲ့ဂိမ်းက ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုလည်း သိပ်ကိုစိတ်ဝင်စားနေမိသည်

ဒါနဲ့ သူ ကျနော့်ဆီဆက်သွယ်မယ်လို့ပြောထားတယ် ... Yoက ကျနော့်ဖုန်းနံပါတ်ကို သိတယ်ပေါ့? သူဘယ်လိုလုပ်ပြီး သိသွားရတာလဲ? Yoရယ် မင်းနဲ့ပတ်သက်သမျှဟာ ကိုယ့်အတွက်တော့ အံ့သြလောက်စရာတွေချည်းပါပဲ

Love Quizzed GameWhere stories live. Discover now