III

1.8K 169 5
                                    

*Scroll down for Zawgyi*
『 Unicode 』

Wayoတစ်ယောက် ဒီနေ့အတွက် သူ့ရဲ့first mission ပြီးပြီးချင်း အိမ်သို့ပြန်လာခဲ့သည်

မြင့်မား၊ ထူလွန်းလှသောကျွန်းသားတွေဖြင့်သာ ကာရံထားတဲ့ ကြီးမားလှတဲ့ခြံဝန်းအတွင်းထဲသို့... Wayoရဲ့အဖြူရောင်ပြိုင်ကားလေးမောင်းဝင်လာတာကိုသိပြီးနောက် အိမ်ကြီးထဲက ထွက်လာတဲ့လူပုဂ္ဂိုလ်တစ်ဦးကတော့

သူ့အမေဖြစ်သူထင်ရတဲ့ အသက်ခပ်လတ်လတ်ရှိပြီး အလွန်တရာမှဂုဏ်သရေပြည့်စုံ ကြီးမြတ်လှတဲ့ ... Panichjayasawadလုပ်ငန်းစုကြီးရဲ့သူဌေးကတော်လားလို့ တွေးစရာမလိုလောက်အောင်ပင် ... သူမရဲ့ရုပ်ရည်အပြင်အဆင်အနေအထားက ဖော်ပြနေသည်

သူမရဲ့လက်အောက်ငယ်သားတွေကိုလည်း ပညာသားပါပါ ကိုင်တွယ်ဦးစီးတတ်သည် ... သူမက သဘောလည်းကောင်းပြီး မာနမကြီးဘဲ အကျင့်သီလသမာဓိသိက္ခာနှင့်လည်းပြည့်စုံ၏

သူ့မရဲ့သားပြန်လာတာကို သိလျှင်ချင်းထွက်လာကာ .. မနေ့ကသူမနဲ့သူမအမျိုးသား ခရီးတစ်ရက်ထွက်ရမှာမို့ ... အဲ့ဒါ သူ့ကိုမခေါ်လို့ဆိုပြီး စိတ်ကောက်ကာထွက်သွားတဲ့သူမရဲ့တစ်ဦးတည်းသော သားလေးကို ချော့ဖို့ပင်

အဲ့နေ့က သူမတို့ရဲ့သားလေးကို ပြေရာပြေကြောင်းပြောပေမဲ့ တစ်ဦးတည်းသောသားလေးမို့ ... အားလုံးရဲ့အလိုလိုက်ခြင်းခံထားရတဲ့အိမ်ဂျယ်လေးက စိတ်ဆိုးကာမပြောမဆိုနဲ့ထွက်သွားတာကြောင့် ... လိုက်ချော့ချင်ပေမဲ့ သူမတို့လည်းခုပဲသွားရတော့မှာမို့ မတတ်နိုင်ခဲ့

အဲ့နေ့ညကအိမ်ပြန်ရောက်လာသည်ဟု အိမ်တော်ထိန်းကဖုန်းဆက်ပြောတာကြောင့် သူမတို့လင်မယားနှစ်ယောက် စိုးရိမ်စိတ်ဒီဂရီတွေအနည်းနဲ့အများ လျော့ကျသွားရသည် ... ချစ်လို့တောင်မဝတဲ့သူတို့ရဲ့သားလေး တစ်ခုခုဖြစ်မှာကို သူတို့သိပ်ကြောက်ပါသည်

ဒီနေ့တော့ Wayoအိမ်ပြန်မရောက်ခင်ကတည်းက သူမတို့အရင်စော၍ပြန်ရောက်နေတာကြောင့် အခုချော့ရန် သူမရဲ့ချစ်သားလေးကိုစီးကြိုဖို့အတွက် ထွက်လာခြင်း

ဒါပေမဲ့ သားဆီမရောက်သေးခင်မှာပဲ ပြိုင်ကားလေးထဲကနေထွက်လာပြီး "မားးး!!!"ဆိုပြီးပြေးလာကာ သူမကိုလှမ်းဖက်လိုက်တာကြောင့် သူမကြောင်သွားသည်

Love Quizzed GameWhere stories live. Discover now