XVII

1.4K 174 50
                                    

*Scroll down for Zawgyi*

P'Forthကလည်း နောက်အပတ်ထဲ L.Aကိုပြန်သွားတော့မယ့်သတင်းကို မားတို့လည်း သိပြီးတဲ့နောက် ကျနော့်ကိုပါ တစ်ခါတည်းထည့်လွှတ်လိုက်ဖို့ အစစအရာရာ စီစဉ်နေကြလေပြီ

ကျနော်L.Aမှာ ကျောင်းသွားတက်ရမယ်ဆိုတဲ့ ကိစ္စက ချက်ချင်းကြီးဖြစ်လာတာကြောင့် နည်းနည်းမသင်္ကာတော့ ဖြစ်မိသည် ... မားတို့မှာ ကျနော်အသိမခံတဲ့ နောက်ထပ်အကြောင်းအရာ တစ်ခုခုတော့ ရှိမည်ထင်၏

ထို့နောက် မထင်မှတ်ထားဘဲ ဖြစ်နိုင်လောက်တဲ့အတွေးတစ်ခုက စိုးထိတ်နေတဲ့Wayoကို ရူးခါသွားအောင် လုပ်လိုက်စေသည်

ဟင်? မဟုတ်မှ ကျနော့်မိဘတွေကို ကြည့်ရတာ ... ရှေ့ရေးအတွက် အခုကတည်းက P'Forthနဲ့ကျနော့်ကိုများ..... ........

ဟင့်အင်း မဟုတ်လောက်ဘူးမလား?? ကျ ကျနော် ထင်သလိုမဟုတ်ဘူးမလားလို့!!! ဘာလို့အခုမှလဲ!!!!! ဘာဖြစ်လို့ ကိုယ်ရူးမတတ် ပင်ပန်းနေတဲ့အချိန်ကျမှလဲ!!!!!

* sigh *

ကျနော်မွန်းကြပ်လွန်းလို့ သေတော့မယ်... အခုချိန် အဲ့ဒါတွေမတွေးချင်တော့တာအမှန် ... ကျနော့်အတွက် အခုလိုအပ်နေတာက နှလုံးသားရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ P'Phanaပဲ

ကျနော့်ရင်ထဲ ထိခိုက်ခံစားနေရတဲ့နာကျင်မှုတွေ၊ စိတ်ပင်ပန်းမှုတွေ မေ့ပျောက်လို့ပျောက်ငြား chat boxမှာ သူ့ကို ပျော်ရွှင်စွာဖြင့် ပြောချင်ရာပြောနေမိတယ်

ကြည့်ရတာ အခု သူလည်း ကျနော့်ကြောင့် ခံစားနေရတယ်ထင်ပါရဲ့ ...

အခုလိုကိစ္စမျိုးတွေ ကျနော့်ကြောင့် ဖြစ်လာရတာကိုတွေးမိပြီး ရင်ထဲလုံးဝမကောင်း ... စာအပြန်အလှန်ပို့နေရင်းနဲ့ တစ်ယောက်တည်း ကြိတ်ငိုနေသည့်အပြင် တစ်ဖက်မှ ချစ်ရသူကိုလည်း စိတ်ထဲတွင်အကြိမ်ကြိမ်တောင်းပန်နေမိသည်

ခဏအကြာ သူရဲ့တောင်းဆိုမှုတစ်ခုကြောင့် ကျနော်ရဲ့ရှိုက်သံတွေ မထွက်ရအောင် ရုတ်တရက် ငိုခြင်းကိုရပ်တန့် ထိန်းချုပ်ဖုံးကွယ်လိုက်မိရင်း ဖုန်းခေါ်တာကို လက်ခံလိုက်တဲ့အချိန် ...

သူ့ဘက်ကတော့ ဘယ်လိုခံစားရမလဲ မသိပေမဲ့ ကျနော့်မှာတော့ ရင်တွေအဆက်မပြတ် ခုန်ရလွန်းလို့ မျက်ရည်စ'တွေ တန်းလန်းနှင့် ရင်ဘတ်တစ်နေရာကို အသာဆုပ်ကိုင်ထားရသည်

Love Quizzed GameWhere stories live. Discover now